CES 2025 မှာ VLC Media Player က တကယ့်ကို ကြမ်းတဲ့ တီထွင်မှုကိုပြသလိုက်ပြီဖြစ်ပါတယ်။
AI-powered subtitles – ဘယ်ဗီဒီယိုမဆို ဘာသာစကား ၁၀၀ ကျော်နဲ့ အလိုအလျောက် စာတန်းထိုးပေးနိုင်ပြီး ဘာသာပြန်ပေးနိုင်တဲ့အကြမ်းစား AI နည်းပညာဖြစ်ပါတယ်။
ဟာ ဒါကြီးက သိပြီးသားလေ... မဟုတ်ပါဘူး။
တစ်ခြားသူတွေရဲ့နည်းလမ်းတွေနဲ့မတူတာက VLC မှာက အင်တာနက် မလိုဘဲ 100% OFFLINE အလုပ်လုပ်တာဖြစ်ပါတယ်တဲ့။
- Live ရော၊ ကြိုတင်ရိုက်ထားတဲ့ ဗီဒီယိုတွေအတွက်ပါ အဆင်ပြေတယ်
- ဘာသာစကား ၂ မျိုးတစ်ချိန်တည်း ပြပေးနိုင်တယ်
- အခမဲ့၊ open-source app ပါ
ဒီ feature ထွက်လာရင် လက်ရှိပညာရေး၊ ဖျော်ဖြေရေး၊ သတင်းစတာတွေကို ဘာသာစကား အခက်အခဲကြောင့် နားမလည်ခဲ့သူသန်းပေါင်းများစွာအတွက် အတော်လေး အဆင်ပြေစေမှာဖြစ်ပါတယ်။
စိတ်ကူးကြည့်လိုက်ပါ...
- နိုင်ငံခြားရုပ်ရှင်တွေကို Official Subtitle မစောင့်ရတော့ဘူး ။
- ဘယ်ဘာသာစကားနဲ့ပဲဖြစ်ဖြစ် သင်ခန်းစာတွေ သင်ယူလို့ရမယ် ။
- အင်တာနက်မရှိလည်း ကိုယ့်ဘာသာစကားနဲ့ ဗီဒီယိုကြည့်နိုင်တော့မယ်။
VideoLAN က အတိအကျထွက်ရှိမယ့်ရက်ကို မကြေညာသေးပေမယ့်...
ဒါဟာ တကယ့်ကိုကြမ်းတဲ့ နည်းပညာအသစ်ဖြစ်ပြီး မီဒီယာလောကကို ကိုင်လှုပ်နိုင်စေမှာဖြစ်ပါတယ်။
Nang Htike Aung