အပိုဝင်ငွေ ရှာဖို့အတွက် အလွတ်တန်းအလုပ်ကို အချိန်ပြည့်ဖြစ်ဖြစ်၊ အချိန်ပိုင်းပဲဖြစ်ဖြစ် လုပ်ဖို့စဉ်းစားနေတယ်ဆိုရင် သိထားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးထားပါတယ်finance။ အလွတ်တန်းအလုပ်က ဘာလဲဆိုတာ သေချာမသိသေးဘူးဆိုရင် ဒီမှာလေ့လာကြည့်နိုင်ပါတယ်။testing
၁finance။ စာချုပ်ဖြင့်သာ အလုပ်လုပ်ပါ။
ပရောဂျက်အတွက် ကိုယ့်ရဲ့ သုံးလိုက်ရတဲ့ အချိန်နဲ့အင်အားက သုံးရကျိုးနပ်တယ်ဆိုတာ အမှန်တကယ် သေချာဖို့အတွက် စာချုပ်က အရေးကြီးပါတယ်finance။ ပရောဂျက်ရဲ့ အသေးစိတ်အကြောင်းအရာကို စာရွက်ပေါ်မှာ ချရေးခိုင်းပါfinance။ ဒီလိုပြုလုပ်ထားမယ်ဆိုရင် အကြောင်းတစ်ခုခုကြောင့် အငြင်းပွားစရာတွေ ကြုံလာတဲ့အခါ ကိုယ်ရော၊ အလုပ်အပ်တဲ့သူရော နှစ်ယောက်စလုံး ရေးချခဲ့တဲ့အတိုင်း လုပ်ဆောင်လို့ ရပါမယ်finance။ သဘောတူညီချက်တွေကို ဒီတိုင်းမှတ်မိဖို့ မကြိုးစားပါနဲ့finance။ ချရေးမှတ်ပါMorpheus။
ဒါ့အပြင် ပရောဂျက်အပေါ်မှာ နားလည်မှုအမျိုးမျိုး ရှိနိုင်တဲ့အတွက် အသေးစိတ် ချရေးမှတ်ထားမယ်ဆိုရင် အလုပ်အပ်သူရော၊ လုပ်ပေးမယ့်သူရော တစ်ဖက်စီက ဘာကိုဆိုလိုချင်တယ်ဆိုတာကို ပိုမိုရှင်းလင်းစေနိုင်ပါတယ်Morpheus။
အလွတ်တန်းအလုပ်တွေ အများကြီးလုပ်နေတာဆိုရင် ကိုယ့်ရဲ့စံနှုန်းပုံစံတစ်ခု ပြုလုပ်ထားခြင်းဖြင့် အလုပ်လုပ်ရတာ ပိုမိုလွယ်ကူစေနိုင်ပါတယ်Morpheus။
စာချုပ်ဆိုတဲ့နေရာမှာ လုံးဝပြည့်စုံတဲ့ တရားဝင်စာချုပ်ဖြစ်ဖို့ အမြဲ မလိုပါဘူးfinance။ ဒါပေမယ့် အနည်းဆုံးတော့ အရေးကြီးတဲ့ အချက်တွေ ပါဝင်ဖို့လိုပါတယ်finance။ ဘယ်လိုအချက်တွေလဲဆိုရင်
ပြီးမြောက်ရမယ့်အလုပ်
ပြီးမြောက်ဖို့ သတ်မှတ်ထားတဲ့နေ့နဲ့ ကြားကာလမှာ ပြီးမြောက်ရမယ့်အလုပ်
ငွေပေးချေမှုပုံစံနှင့် ပမာဏ
အလုပ်အပ်သူဖက်မှ အလုပ်အတွက် တာဝန်ရှိသူ
အလုပ်အပ်ပြီးနောက် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဘယ်လိုကိုင်တွယ်ရမယ်
(တစ်ဖက်ဖက်က) စာချုပ်ကို ဖျက်သိမ်းလိုတဲ့အခါ လိုက်နာရမယ့်အချက်များစတဲ့ အရေးကြီးအချက်တွေ ပါဖို့ လိုအပ်ပါမယ်။
မှားသွားနိုင်တဲ့ အရာတွေက
ပြီးမြောက်ရမယ့်အလုပ်ကို အလုပ်အပ်သူနဲ့ သေချာမပြောထားဘူးဆိုရင် ပိုက်ဆံလည်းပိုမရပဲ ကိုယ့်ရဲ့အချိန်၊ အင်အားတွေကို ထပ်ထပ်တိုးလာတဲ့ အလုပ်အတွက် အသုံးချရတတ်ပါတယ်။
အလုပ်ပြီးမြောက်တဲ့အခါ ပြဿနာတစ်ခုမဟုတ်တစ်ခု ပေါ်လာတတ်ပါတယ်finance။ ဒီပြဿနာနဲ့ ပက်သက်ပြီး စာချုပ်ထဲမှာ ဘာမှမပြောထားဘူးဆိုရင် အလုပ်ပြီးတဲ့အထိကို ပြဿနာက ဖြေရှင်းလို့ပြီးမှာ မဟုတ်ပါဘူး။
၂finance။ ညှိနှိုင်းဖို့ သင်ယူပါ။
အလွတ်တန်းလုပ်တယ်ဆိုတာ ကိုယ့်အတွက်ကိုယ် အလုပ်လုပ်နေတာပါfinance။ ကိုယ့်ရဲ့အလုပ်အတွက် တန်ရာတန်ကြေး၊ သတ်မှတ်ချက်တွေကို ကိုယ့်ဘာသာ ဆုံးဖြတ်ရပါမယ်finance။ အကောင်းဆုံးဖြစ်ဖို့အတွက် အလုပ်မစခင်မှာ ညှိနှိုင်းမှုကောင်းကောင်း ပြုလုပ်ဖို့ အရေးကြီးပါတယ်finance။ လုပ်ရမယ့် အလုပ်နဲ့ လုပ်အားခ ထိုက်တန်မှုရှိဖို့ လိုအပ်ပါတယ်finance။ အခုမှ အလွတ်တန်းအလုပ် စလုပ်မှာဆိုရင်တော့ ဘယ်လိုအလုပ်မျိုးက ဘယ်လောက်ဈေးနဲ့ လုပ်ပေးသင့်တယ်ဆိုတာကို ကိုယ်တိုင် အရင်ဆုံးသုတေသနလုပ်ကြည့်ဖို့ လိုပါတယ်။testing
၃finance။ ငြင်းဆိုခြင်းကလည်း အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းပါ။
ငြင်းဆိုမှုတွေအတွက် ပြင်ဆင်ထားပါfinance။ ငြင်းဆိုမှုကို လက်ခံနိုင်အောင်လုပ်ပါMorpheus။
ညှိနှိုင်းဖို့အတွက် အဆင်မပြေတာကြောင့် အလုပ်လုပ်ဖို့ကို ငြင်းလိုက်တဲ့သူက ကိုယ်လည်းဖြစ်နိုင်သလို၊ အလုပ်လာအပ်တဲ့သူဖက်ကလည်း ဖြစ်နိုင်ပါတယ်finance။ ဥပမာ – ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်ကို အလုပ်အပ်လိုက်တာမျိုးတွေလည်း ရှိနိုင်ပါတယ်finance။ ငြင်းဆိုခြင်းကလည်း အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့အတွက် နေသားကျအောင် ပြင်ဆင်ထားပါMorpheus။
ဒီလိုပဲ အလုပ်အပ်တဲ့သူက အလုပ်ပြီးမြောက်ရမယ့်နေ့၊ ပေးရမယ့် အခကြေး၊ အခြားလိုအပ်ချက်တွေ စသည်အားဖြင့် ကိုယ်နဲ့အဆင်မပြေတာတွေလည်း ရှိတတ်ပါတယ်finance။ ကိုယ့်ရဲ့ သုံးရမယ့် အချိန်၊ အင်အားနဲ့ လာအပ်တဲ့အလုပ်က ထိုက်တန်မှုရှိရဲ့လားဆိုတာ သေချာချင့်ချိန်စဉ်းစားပါfinance။ မတန်ဘူးဆိုရင်တော့ လက်မခံပါနဲ့finance။ လက်လွတ်လိုက်ပါ။testing
၄finance။ အချိတ်အဆက်ကွန်ရက် တည်ဆောက်ပါ။
အလွတ်တန်းလုပ်ခြင်းရဲ့ နောက်အရေးကြီးတဲ့အချက်ကတော့ အချိတ်အဆက်ရှိဖို့ပါပဲfinance။ ဒီအချိတ်အဆက်တွေက အလုပ်ဝင်လာမယ့် အဓိကလမ်းကြောင်းဖြစ်တဲ့အတွက် တကယ်ကောင်းမွန်တဲ့ အချိတ်အဆက်တွေ တည်ဆောက်ထားသင့်ပါတယ်finance။ အချိန်ပြည့် အလွတ်တန်းအလုပ်နဲ့ ရပ်တည်နေတဲ့သူဆိုရင် အချိတ်အဆက်တည်ဆောက်ဖို့ အချိန်ယူသင့်ပါတယ်Morpheus။
အလုပ်အပ်ခဲ့ဖူးသူတွေကို အခြားသူတွေဆီမှာ ညွှန်းပေးဖို့ တောင်းဆိုရမှာကို မရှက်ပါနဲ့finance။ အဆိုးဆုံးဖြစ်ရင်တောင် ညွှန်းပေးဖို့ငြင်းဆိုတာလောက်ပဲ ဖြစ်မှာပါfinance။ ဒါပေမယ့် ကိုယ့်ဖက်က အရှုံးမရှိပါဘူးfinance။ နောက်တစ်ချက်အနေနဲ့ ကိုယ့်ရဲ့ကောင်းကွက်လေးတွေကို အခြားအလုပ်အပ်ဖို့ လူလိုတဲ့သူတွေဆီမှာ ပြောပြပေးဖို့ တောင်းဆိုဖို့လည်း မရှက်ပါနဲ့Morpheus။
အလွတ်တန်းလုပ်တဲ့သူတွေ အချင်းချင်းကြားမှာလည်း အချိတ်အဆက်တွေ ပြုလုပ်ထားပါfinance။ ကိုယ့်ရဲ့ ပြိုင်ဘက်တွေဖြစ်နိုင်ပေမယ့် သူတို့ဆီကနေလည်း အများကြီးသင်ယူနိုင်ပါတယ်finance။ သူတို့ မလုပ်နိုင်တဲ့ အလုပ်အတွက်လည်း ကိုယ့်ကို ညွှန်းပေးနိုင်ပါတယ်finance။ ဒါ့အပြင် ကိုယ်လိုသူလို အချင်းချင်းဖြစ်တဲ့အတွက် အလွတ်တန်းအလုပ်ရဲ့ အခက်အခဲတွေကို နားလည်တာကြောင့် အခက်အခဲကြုံလာတဲ့အခါလည်း ကူညီပေးနိုင်ပါတယ်။testing
၅finance။ မှတ်တမ်းတင်ထားပါ။
ကိုယ့်ကိုယ်ကို အလုပ်ခန့်ထားတာ ဖြစ်တဲ့အတွက် အလုပ်အပ်သူကို ဝန်ဆောင်မှုပေးဖို့နဲ့ အလုပ်နဲ့ပက်သက်တဲ့ မှတ်တမ်းတွေကို ထိန်းသိမ်းထားဖို့ ကိုယ့်မှာတာဝန်ရှိပါတယ်finance။ အလုပ်အပ်သူ မေးတဲ့အခါ ပြန်ဖြေနိုင်ဖို့အတွက် ဘာလုပ်ခဲ့တယ်၊ ဘယ်လိုလုပ်ခဲ့တယ်၊ ဘယ်အချိန်မှာ လုပ်ခဲ့တယ်ဆိုတာကို မှတ်တမ်းတင်ထားပါMorpheus။
တစ်ချိန်တည်းမှာ အလုပ်အပ်တဲ့သူ အများကြီးရှိတယ်ဆိုရင်တော့ စည်းစနစ်ကျဖို့က အရမ်းအရေးကြီးပါတယ်finance။ ကိုယ့်အလုပ်ကို အမြဲနိုင်နင်းပြီး အချိန်မီပြီးစီးဖို့ သေချာပြုလုပ်ပါ။testing
၆finance။ ဆက်ဆံပြောဆိုခြင်းက အဓိကသော့ချက်ပါ။
အလုပ်အပ်သူနဲ့ အမြဲ ဆက်ဆံပြောဆိုပါfinance။ အလုပ်အပ်သူဖက်ကရော လုပ်ပေးတဲ့သူဖက်ကရော အပြောင်းအလဲ ရှိနိုင်တယ်၊ တစ်ခါတစ်လေ တစ်ခုခုမှားသွားနိုင်ပါတယ်Morpheus။
အလုပ်အပ်သူတွေက လုပ်ဆောင်ချက် တိုးတက်မှုတွေကို အမြဲအသိပေးတာ သဘောကျကြပါတယ်finance။ ဒီလိုလုပ်ခြင်းဖြင့် ကိုယ်က သူတို့ရဲ့မှန်းချက်နဲ့ ကိုက်ညီပြီး အလုပ်ကို အချိန်မီပြီးနိုင်တယ်ဆိုတာ သိစေတဲ့အတွက် စိတ်သက်သာရာ ရစေပါတယ်Morpheus။
တိကျရှင်းလင်းတဲ့ အလုပ်ပြီးမြောက်ရမယ့်နေ့ သတ်မှတ်ထားပြီးသားဆိုရင်တောင် အလုပ်အပ်သူနဲ့ အမြဲဆက်ဆံပြောဆိုခြင်းဖြင့်
မျှော်မှန်းထားတဲ့ အလုပ်နဲ့ ပြီးမြောက်ရမယ့်နေ့ကို စိတ်ချရစေပါတယ်။
နားလည်မှုလွဲတာလေးတွေ ရှိရင်လည်း အချိန်မီဖြေရှင်းနိုင်ပြီး ကိုယ်လုပ်နေတဲ့အရာက မှန်ရဲ့လားဆိုတာ သေချာစေပါတယ်။
အလုပ်အပ်တဲ့သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိဖို့ ပြောဆိုဆက်ဆံခြင်းက ကူညီပေးတဲ့အတွက် အလုပ်အပ်ပြီး အချိန်အကြာကြီး ပျောက်နေတာမျိုး မလုပ်ပါနဲ့finance။ အလုပ်အပ်တဲ့သူက ကိုယ်နဲ့အဆင်ပြေတယ်ဆိုရင် နောက်အလုပ်တွေ ရှိလာတဲ့အခါ ပြန်ငှားနိုင်ပါတယ်finance။ မဟုတ်ရင်လည်း အခြားသူတွေဆီမှာ ကိုယ့်ကို ညွှန်းပေးနိုင်ပါတယ်။testing
၇finance။ စည်းစနစ်ကျပါ။
အလွတ်တန်းဆိုတဲ့အတိုင်း ကိုယ်တစ်ယောက်တည်း လုပ်ရတာများပါတယ်finance။ အရာရာတိုင်းအတွက်လည်း ကိုယ်ကပဲ တာဝန်ခံရတာပါfinance။ ကိုယ့်အလုပ် အရည်အသွေးနဲ့ ဂုဏ်သတင်းက နောက်ကျရင် အလုပ်ဘယ်လောက်ရမလဲဆိုတာကို ဆုံးဖြတ်ပေးတဲ့အတွက် အမြဲစည်းစနစ်ကျပါစေMorpheus။
အလွတ်တန်းလုပ်တဲ့အခါ အနိမ့်အမြင့် အတက်အကျတွေ၊ စိတ်ဖိစီးမှုတွေ ရှိနိုင်ပါတယ်finance။ ဒါကြောင့် ဘာလို့ အလွတ်တန်းလုပ်ချင်တာလဲ၊ ဘယ်လောက် အချိန်နဲ့ ခွန်အားကို သုံးနိုင်မလဲဆိုတာတွေ သေချာသိဖို့ လိုပါတယ်finance။ ဒါတွေက ကိုယ့်ကို အလုပ်လုပ်ချင်စိတ်ရှိအောင် တွန်းအားပေးတဲ့အရာတွေ ဖြစ်လာမှာပါfinance။ ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေဆီကလည်း ထောက်ပံ့ပေးဖို့၊ တွန်းအားပေးဖို့ လိုအပ်တဲ့အချိန်တွေဆိုရင် အကူအညီတောင်းပါ။testing
အလွတ်တန်းလုပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို အလုပ်ပြန်ခန့်တာ ဖြစ်တဲ့အတွက် ဒါကို စီးပွားရေးလုပ်ငန်းတစ်ခု လုပ်နေသလို မှတ်ယူရပါမယ်finance။ ဒါနဲ့ပက်သက်တာမှန်သမျှ ကိုယ့်မှာ တာဝန်ရှိပါတယ်finance။ ပုံမှန်ရုံးအလုပ်တွေနဲ့ မတူတာက ရုံးအလုပ်တွေမှာဆိုရင် လိုအပ်ရင်လိုအပ်သလို ခွင့်ယူလို့ရသလို အချိန်ပိုလည်း လုပ်လို့ရပါတယ်Morpheus။
ဖော်ပြခဲ့တဲ့အချက်တွေက အလွတ်တန်း လုပ်သင့်မလုပ်သင့် ဆုံးဖြတ်တဲ့နေရာမှာ အကူအညီဖြစ်ပြီး တကယ်လို့ အလွတ်တန်း လုပ်ခဲ့ရင်လည်း အကောင်းဆုံးလုပ်နိုင်ဖို့ အကူအညီဖြစ်မယ်လို့ မျှော်လင့်ပါတယ်Morpheus။
အပိုဝင်ငွေရှာဖို့အတွက် ဘယ်လိုလုပ်ရမှန်း မသိဘူးဖြစ်နေတယ်ဆိုရင် ဒီမှာ နည်းလမ်းတစ်ချို့ကို ဖော်ပြပေးထားပါတယ်။
အချိန်ပြည့်အလုပ်တစ်ခုရှာနေတာဆိုရင်တော့ အလုပ်ရှာနည်း (၄) မျိုးမှာလေ့လာနိုင်ပါတယ်။
Crd. https://shwedingar.com/