သိထားသင့်သော Windows Shortcut Keys များနဲ့ Function key များအကြောင်း

သိထားသင့်သော_Windows_Shortcut_Keysများနဲ့_function_key_များအကြောင်း







Short Cut Key တွေ ဆိုတာက ခရီး လမ်းကြောင်း တခုကို အတိုဆုံး နေရာ ကနေ မြေကြော ရှူံ့ပြီး လိုတဲ့နေရာ ရောက်အောင် သွားနိုင်ဖို့ ဖန်တီး ပေးထားတဲ့ ဖြတ်လမ်း နည်းလမ်း တွေပါပဲ။


အဲဒီလို ဖြတ်လမ်း တွေနဲ့ သွားတဲ့ အခါမှာ တစ်ခါ တစ်လေမှာ ဖြတ်လမ်း တွေဟာ အမျိုးစုံ ရှိနေတာကို တွေ့ရ ပါလိမ့်မယ်။ ဥပမာ အားဖြင့် ALL Programs လုပ်ငန်းစဉ် box ကိုဖွင့်ဖို့အတွက် start ကို click နှိပ်ရ ပါတယ်။


ဖြတ်လမ်း နည်း အနေနဲ့ ကတော့ mouse ကိုင်ဖို့ မလိုဘဲ window ကို click နှိပ်ရင် ပွင့်ပါတယ်။ ဒုတိယ ဖြတ်လမ်း ကတော့ Ctrl နဲ့ Esc ကိုတွဲပြီး နှိပ်ရင် ပွင့်ပါတယ်။ အခု ဖော်ပြ ထားတဲ့ ဖြတ်လမ်း နည်းတွေဟာ window တွေ အတွက်သာ သီးသန့်

ဖော်ထုတ် ထားတာ ဖြစ်လို့ mouse, keyboard, windows စတဲ့ စနစ်နဲ့ hardware တွေအတွက် အကျုံးဝင်ပြီး software တွေရဲ့ short cut key တွေတော့ မပါဝင် သေးပါ။


Short cut key တွေကို သုံးစွဲဖို့ အတွက် ကတော့ အလယ်မှာ ရှိတဲ့ (+) သင်္ကေတကို ‘တွဲဖက် ပေါင်းနှိပ်ရန်’ လို့ မှတ်ထား ရပါမယ်။ ‘start’ ဆိုတာ ကိုလည်း keyboard မှာ ရှိတဲ့ ‘windows’ logo ပုံကလေး button နဲ့ အတူတူ ပဲ ဆိုတာ မှတ်ရ ပါမယ်။

ဥပမာ -start+Ctrl+F ဆို တဲ့ command မှာ start ( window ) logo ပုံကလေး Ctrl ခလုတ်နဲ့ F အက္ခရာ သုံးခုကို တွဲဖက် နှိပ်ပေး ရပါမယ်။

ရလဒ် အနေနဲ့ ‘ ခွေးရုပ် ကလေးနဲ့ window search box ‘ ပွင့်လာ ပါလိမ့်မယ်။


လူသိ အများဆုံး short cut key ဟာ ‘Ctrl+Alt+Del’ ပဲဖြစ်ပါတယ်။


Start + M – ဖွင့်ထားတဲ့ windows တွေက ချုံ့ပြီး task bar ပေါ်မှာ နေရာ ချပေး ပါလိမ့်မယ်။


Start + Shift + M – task bar ပေါ်မှာချုံ့ပြီး ခဏ နေရာ ချထားတဲ့ windows တွေကို size ကြီး ပြန်ချဲ့ပေးပါတယ်။


Start + E -Windows ရဲ့ အင်ဂျင် စက်ခန်းလို့ ခေါ်ဆို နိုင်တဲ့ windows explorer ကို ဖွင့်ပေး ပါတယ်။


Start + R – Start menu မှာရှိတဲ့ ‘Run’ box ကို ဖွင့် ပေးပါတယ်။


Start + F – windows search dialog box ကို ဖွင့် ပေးပါတယ်။


Start + Ctrl + F – search box ကိုဖွင့် ပေးပါတယ်။ တကယ်လို့ computer ဟာ network ချိတ်ဆက် ထားရင် computer dialog box ကို ဖွင့်ပေး ပါတယ်။


Start + Pause ( Break ) – System properties dialog box ကို ဖွင့်ပေး ပါတယ်။


F1 – အကူအညီ တစ်စုံ တစ်ရာ လိုအပ်ရန် နှိပ်ပါ။


Ctrl + Esc – Start Menu ကို ဖွင့်ပေး ပါတယ်။


Alt + Tab – ဖွင့်ထားတဲ့ ပရိုဂရမ်တွေ တစ်ခုနဲ့ တစ်ခု အကြားကို ကူးပြောင်း အလုပ်လုပ် စေနိုင် ပါတယ်။


Alt + F4 – ဖွင့် ထားတဲ့ ပရိုဂရမ် ကနေ ထွက်ခွာ စေပါတယ်။ အလုပ် လုပ်လျက် သား ဖြစ် နေရင် သာမန် ပုံစံအတိုင်း save လုပ် မလားလို့ မေးပါ လိမ့်မယ်။ှ့


Shift + Del – select ပေးပြီး ရွေးချယ် ထားတဲ့ ဖိုင်တစ်ခုကို အပြီးတိုင် ဖျက်ဆီး ပစ်ပါလိမ့်မယ်။


#Windows program key combination

• Ctrl + C – မိတ္တူ ပွားပေး ပါမယ်။


• Ctrl + X – တစ်နေရာမှ တစ်နေရာကို ကူးပြောင်း နေရာ ရွှေ့ဖို့ အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်တဲ့ လုပ်ငန်းစဉ်ပါ။


• Ctrl + past – မိတ္တူပွားပြီးသား ဖိုင်တစ်ခုကို ပြန်လည် နေရာ ချထား ပေးပါတယ်။


• Ctrl + Z – undo လုပ်ဆောင် ခဲ့သော အလုပ်ကို မနှစ် သက်တဲ့ အခါမှာ မူလ အခြေအနေ အတိုင်း ပြန်ရောက် ရှိစေပါတယ်။


• Ctrl +B – document အတွင်းမှာရှိတဲ့ text တွေကို ပိုမို ထင်ရှား အောင် ပြုလုပ် ပေးပါတယ်။


• Ctrl + U – document အတွင်းမှာရှိတဲ့ text အောက်ခြေမှာ မျဉ်းသား လိုတဲ့အခါ သုံးကြပါတယ်။


• Ctrl + I – Italic- text တွေကို စောင်းပေးပါတယ်။


#Mouse/ Keyboard Modifier

• Shift + right click (တစ်ချက်) – Rice click နဲ့တူတယ်။ active windows ရဲ့ display menu ကို ဖွင့်ပေးတယ်။


• Shift + Left Click (နှစ်ချက်)

Alt + Left Click (နှစ်ချက်) -ဖိုင်သို့မဟုတ် folder ရဲ့ properties ကိုပြပေးမယ်။


#General Keyboard

• F 10 – menu bar မှာရှိတဲ့ options တွေကို အဆင်သင့် ဖြစ်နေအောင် လုပ်ဆောင် ပေးပါတယ်။


• Ctrl + Esc – Start Menu ကိုဖွင့်ပေးပါတယ်။


• Shift + F 10 -ရွေးချယ်ထားတဲ့ဖိုင် တစ်ခုအတွက် ‘short-cut’ ဖိုင်ငယ်လေး တစ်ခု ပြုလုပ် ပေးထား ပါတယ်။


• Alt + down arrow – drop-down list box ကျလာစေပါတယ်။ ဆော့ဖ်ဝဲတစ်ခု အတွင်းမှာပဲဖြစ်စေ၊ တစ်ခြား တစ်နေရာ တစ်ခု မှာပဲဖြစ်စေ features တိုင်း လုပ်ဆောင် နိုင်စွမ်း box ငယ်ကလေးများ ကိုယ်စီ ရှိကြသည်။


• Alt + Tab – ဖွင့်ထားတဲ့လုပ်ငန်းစဉ်တိုင်းအား တစ်ခုနှင့်တစ်ခု အကြား ကူးပြောင်း စေနိုင်ပါတယ်။ တစ်ကယ်လို့ Alt Key ကိုဖိထားပြီး Tab Key ကို လွတ်လိုက်မယ် ဆိုရင် လုပ်ဆောင်ဆဲ လုပ်ငန်းစဉ် မှန်သမျှကို အလွယ်တကူ ကြည့်ရှု နိုင်ပြီးလုပ်ငန်း ပြောင်းလဲ နိုင်ပါတယ်။


• Shift + ? – တကယ်လို့ shift key ကိုဖိနှိပ်ထားပြီး CD-ROM ဒါမှမဟုတ် DVD တစ်ချက်ကို ထည့်သွင်း လိုက်မယ် ဆိုရင် အဲဒီ CD/DVD ရဲ့ ‘Auto Run’ box တက်လာ ပါမယ်။ CD မှာ virus ပါဝင် လာမှုရှိ၊ မရှိ စစ်ဆေး လိုတဲ့အခါမှာအသုံးဝင်ပါတယ်။


• Alt + Space – Restore, move, size, minimize, maximize စတဲ့ command တွေပါ ဝင်တဲ့ system restore box ကိုပြ ပေးတယ်။


• Alt + hyphen – Multiple Document Interface ကို ပြသ ပေးတယ်။


• Alt + underlined letter – ဆော့ဖ်ဝဲတစ်ခုအတွင်းမှာ သတိထားကြည့်မိရင် options bar ရဲ့ feature တွေမှာ မျဉ်းသား ထားတဲ့ စာသား လေးတွေ မျိုးစုံ တွေ့ရ ပါလိမ့်မယ်။ Alt ကို ဖိနှိပ် ထားပြီး အခုန စာသားလေးကို နှိပ်လိုက်တဲ့့ အခါမှာ အဲဒီ’feature’ ရဲ့’drop down box’ ( = ပါဝင်တဲ့ လုပ်ဆောင် ချက်တွေ ) ပွင့်လာ ပါမယ်။


• Ctrl + F4 – address bar ကိုဖွင့်ပေးတယ်။


• Alt + F6 – Alt + Tab အလုပ်လုပ်ပုံ အတိုင်းဖြစ်ပါတယ်။

Selected objects & shell objects


• F2 -ရွေးချယ်ထားတဲ့အရာဝတ္တုကို နာမည်အသစ် ပြန်ပေးဖို့ အဆင်သင့် ဖြစ်နေ စေပါမယ်။


• F3 – ဖိုင်တွေအကုန်လုံးကို ရှာမေးမယ်။


• Alt + Enter – ရွေးချယ်ထားတဲ့ အရာဝတ္တုရဲ့ properties’ ကို ဖော်ပြ ပေးပါတယ်။

ဖိုင်တစ်ခုမိတ္တူပွားရန်- Ctrl Key ကိုနှိပ်ထားပြီး အဲဒီဖိုင်ကို မတူညီတဲ့ တခြား နေရာကို ရွှေ့ပေးပါတယ်။ အပေါင်း လက္ခဏာ ပေါ်လာပြီး မိတ္တူပွား ပေးပါလိမ့်မယ်။


#Shortcut တစ်ခုဖန်တီးရန် – Ctrl နဲ့ Shift Key တွေကို ဖိနှိပ်ထားရင် ဖန်တီးချင်တဲ့ folder ဒါမှမဟုတ် အရာဝတ္တုကို ဖန်တီးလိုတဲ့ နေရာဆီကို drag ဆွဲယူပါ။


• F4 – object ကို select ပေးထားရင်းနဲ့ F4 ကို နှိပ်ရင် address bar ကို ဖွင့်ပေးပါတယ်။


#General folder/short cut control

• F5(Refresh) -လုပ်ဆောင်နေတဲ့ အလုပ်တွေကို ပြန်လည် လန်းဆန်း စေပါ။


• F6 – Windows Explorer အတွင်းဟိုဘက် ဒီဘက် cursor ရွှေ့နိုင် ပါတယ်။


• Ctrl + A -အရာဝတ္တုများအားလုံးကို select လုပ်ပေးပါမယ်။ တကယ်လို့ desktop ပေါ်မှာ item တစ်ခုကို click နှိပ်ပြီး ‘Ctrl + A’ command သုံးလိုက်ရင် ကျန်တဲ့ item တွေကိုပါ ရွေးချယ် ပြီးသား ဖြစ်သွား ပါလိမ့်မယ်။


• Shift + Click + close button – ဖွင့်ထားတဲ့ folder တွေမှန်သမျှ pattern folder ကိုရော root folder တွေရော ပိတ်ပေးသည်။


#Windows explorer အတွင်း

*(keypad) – ရှိရှိသမျှ root folder တွေအကုန်ဖွင့်ပေးတယ်။


+(keypad) – root folder တခုအတွင်းရှိ ရှိရှိသမျှ file တွေဖွင့်ပေးတယ်။


-(keypad) – root folder တခုအတွင်းရှိ ရှိရှိသမျှ file တွေပိတ်ပေးတယ်။

Right Arrow – ‘+’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။

Left Arrow – ‘-’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။


#Properties control

Ctrl + Tab သို့မဟုတ် Ctrl + Tab + Shift – Mouse မသုံးဘဲ Keyboard နဲ့ခုန်ပျံ ကျော်လွှား သွားနိုင်တယ်။ (Mouse အသုံးမပြုလိုပါက mouse properties တချို့ကို disable လုပ်ထားလျှင် ပိုကောင်း၏။)


#Accessibility Short-cuts – Shift ကိုငါးကြိမ်နှိပ်တဲ့အခါ – Control panel ထဲမှာရှိတဲ့ Accessibility options ကို select ပေးပါ။ Shift ကို PC ထဲကနေ ‘ကွိ’ ဆိုတဲ့ အသံကလေး ပေါ်လာ ပါလိမ့်မယ်။ ပြီးရင်တော့ Shift Key ကို save မလုပ်ချင်ရင်cancel လုပ်ပါ။


ညာဘက် Shift ကို ရှစ်စက္ကန့်အကြာ ဖိထားတဲ့အခါမှာ – ညာဘက် Shift ကို ရှစ်စက္ကန့် ကြာအောင် ကိုင်နှိပ်ထားရင် filter key box လေး ပေါ်လာ ပါလိမ့်မယ်။


#‘Number Lock’ Key ကိုငါးစက္ကန့်ကြာ အောင်ဖိထားတဲ့အခါမှာ – Number lock Key ကိုငါးစက္ကန့်ကြာအောင် ဖိထားတဲ့အခါမှာလည်း ထိုနည်း လည်းကောင်းပါပဲ၊ အလုပ် လုပ်ပုံ ချင်းသာ ကွဲပြား သွားမှာပါ။


ဘယျဘကျ Alt + ဘယျဘကျ Shift =+ Number Lock – PC ထဲက’ကှိ’ အသံလေးအတှကျ function ပဲဖွစျပါတယျ။ အဓျိကအားဖွငျ့ကတော့ mouse key တှကေို အပိတျအဖှငျ့ လုပျစခေငြျတာပါ။


ဘယ်ဘက် Alt + ဘယ်ဘက် Shift + print screen preview – မြင့်မားတဲ့ ပုံရိပ်တွေကို ရယူလိုတဲ့ အခါမှာ အဆိုပါ keyboard တွဲတွေကို တွဲဘက် နှိပ်ပေး ရပါလိမ့်မယ်။


#Keyboard Keys

• Start (Windows logo) + D – Window တွေကို task bar ပေါ်ကိုခဏ တင်ပေးတယ်။


• Ctrl + Start + F – Search box ကိုဖွင့်ပေးပါမယ်။ ခွေးလေးကို မလိုချင်ရင် ပယ်ဖျက် ထားလို့ ရပါတယ်။


• Ctrl + Start + Tab – address bar ဆီကို ချက်ချင်း cursor ချပေးတယ်။


• Start + Tab – Task bar ပေါ်မှာစုပြုံ ပြီး ဖွင့်ထားတဲ့ folder တွေဆီကို တခုကနေ တခု ကူးပြောင်းနိုင်တယ်။


• Start + Pause (Break) – System properties ကိုချက်ချင်း ဖွင့်ပေးတယ်။


• Application Key – File သိုမဟုတ် folder ရဲ့ properties ကိုဖွင့်ပေးတယ်။


#Dialog box command

Tab – dialog box ထဲမှာဆိုရင် နောက်တခုကို သွားဘို့ အဆင်သင့် ဖြစ်နေတယ်။


• Shift + Tab – လာခဲ့တဲ့ control ဆီကို ပြန်သွားပေးတယ်။


• Space-bar – ရွေးချယ်ပြီးလုပ်မယ်။ ( ဥပမာ button တခုကို ရွေးထားတယ်။ အဲဒီ button ကို click နှိပ်ရုံပါပဲ။ ဥပမာ check box တခုကို ရွေးမယ်ဆိုရင် space bar တချက်ပုတ်ရုံပဲ။ ဥပမာ နှစ်ခု ပြပေး ထားတယ်။ တခုကို ရွေးမယ် ဆိုတဲ့ နေရာမှာEnter နဲ့တူတယ်။


• Esc – အရာအားလုံးရဲ့ ၉၀ရာခိုင်နှူန်းဟာ ‘cancel’ ရဲ့ အလုပ် လုပ်ပုံနဲ့ တူတယ်။


• Alt + Underline Letter – Alt ကို ဖိထားပြီး underline သားထားတဲ့ အက္ခရာကို နှိပ်မယ်ဆိုရင် အဲဒီ command အတွက် short-cut တခုပါပဲ။


• Enter – object တခုကို select ပေးပြီး OK button နှိပ်လိုက်တာနဲ့ ဆင်တူတယ်။


REF: Ivan Zomi #IvanZomi


Credit_Myanmar Pyi

Reactions