JPEG နဲ့ PNG ကွာခြားချက်နှင့် အသုံးပြုပုံများ

 Photo format အမျိုးမျိုးရှိတဲ့ထဲမှာ JPG နဲ့ PNG ကတော့ အသုံးအများဆုံး picture format ၂မျိုးဖြစ်ပါတယ်

ဒီတစ်ပတ်မှာတော့ JPEG နဲ့ PNG ဘယ်လိုကွာခြားမှုတွေရှိလဲဆိုတာ ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်





JPEG

🔸️ Full name - Joint Photographic Experts Group

🔸️ Digital camera တွေမှာ အသုံးအများဆုံး format တစ်မျိုးဖြစ်ပါတယ်

🔸️ ဒါကြောင့် photography နဲ့ပတ်သက်ရင် သုံးသင့်တဲ့ format တစ်ခုပဲဖြစ်ပါတယ်

🔸️ JPEG မှာ lossy compression နည်းလမ်းကို သုံးထားပါတယ် (Image size ကိုလျှော့ချင်သလောက် လျှော့လို့ရပါတယ် ဒါပေမဲ့ quality လဲကျတတ်ပါတယ်)

🔸️ JPEG ဟာ Microsoft Paint ရဲ့ default format ဖြစ်ပါတယ်

🔸️ JPEG မှာ transparency မရှိတဲ့အတွက် transparent background နဲ့ပုံမျိုးမရနိုင်ပါဘူး

🔸️ အားနည်းချက်ကတော့ ပုံတစ်ခါပြင်ပြီး save တိုင်း image quality ကျတတ်ပါတယ်


PNG

🔹️ Full name - Portable Network Graphics

🔹️ Transparent background ရှိတဲ့အတွက် logo တွေကို save ဖို့အကောင်းဆုံး file format ပဲဖြစ်ပါတယ်

🔹️ ၁၆မီလီယံအရောင်အထိ ရှိတဲ့အတွက် မှန်ကန်တဲ့ အရောင်လိုချင်တယ်၊ ပြီးပြည့်စုံတဲ့ tone balance ကိုလိုချင်တယ်ဆိုရင်တော့ PNG ဟာအသုံးသင့်ဆုံး format ပါပဲ

🔹️ File size အကြီးတွေမှာ PNG format ကိုသုံးလို့ ပိုအဆင်ပြေပါတယ်

🔹️ PNG မှာ lossless compression နည်းလမ်းကို သုံးထားပါတယ် (Original file ကအတိုင်း information အားလုံးကို encode လုပ်ပေးပြီးတော့ decompress လုပ်ရင်တောင် original အတိုင်းတူညီပြီး တစ်ထပ်တည်းကျတဲ့ image မျိုးကိုရရှိမှာပါ)

🔹️ ဒါကြောင့် photograph မဟုတ်ဘဲ ဖန်တီးထားတဲ့ ပုံတွေအတွက် သုံးသင့်တဲ့ format တစ်ခုပဲဖြစ်ပါတယ်။ 


#school_of_software_engineering

Reactions