Malicious software (သို့) “Malware”

Malicious software ကို အတိုခေါက် ခေါ်ဆိုတော့ “Malware” လို့ ဆိုပါတယ်၊ viruses, worms, trojan horses, ransomware, spyware, adware နဲ့ တခြား malicious programs အားလုံးကို ခြုံငုံပြီး တော့ “Malware” လို့ ခေါ်ဆိုပါတယ်၊ တိတိကျကျ အဓိပ္ပါယ် ဖွင့်ဆို မယ် ဆိုရင်တော့၊ “Malware” သည် ကွန်ပြူတာ အသုံးပြုမှု ကို နည်း တမျိုးမျိုး ဖြင့် နှောက်ရှက် မည့်၊ ဒါမှ မဟုတ် ကွန်ပြူတာ စနှစ် တခုလုံးကို ဖျက်ဆီး ပစ်နိုင်အောင် ရေးသားထားသော ဆော့ပ်ဝဲလ် တပုဒ်ပင် ဖြစ်ပေသည်။

အားလုံးကို ခြုံငုံ ၍ “Malware” ဟု ခေါ်ဆို သော်လည်း သူ့ တို့ ၏ လုပ်ဆောင်ချက် များ ပေါ်မူတည် ၍ အောက်ပါ အတိုင်း ခွဲခြား ထားပါတယ်။

>>> Worm

Worm သည် ပွားများ နိုင်စွမ်း ရှိသော ပရိုဂရမ် တပုဒ် ပင် ဖြစ်ပေသည်၊ worm သည် ကွန်ပြူတာ တလုံး မှ နောက် ကွန်ပြူတာ တလုံး သို့ လည်း အင်တာနက် (သို့) storage media မှ တဆင့် အသုံးပြုနေသူ မသိ အောင် ပွားများ ခြင်းကိုသာ လုပ်ဆောင်ပေသည်၊ ထိုသို့ အသုံးပြုနေ သော ကွန်ပြူတာ အတွင် အဆမတန် အောင် ပွား များ ခြင်းက hard drive တွင် အသုံးပြုနိုင်သော ပမာဏကို သိသာစွာ လျှော့ကျ စေယုံ မျှ မက၊ ကွန်ပြူတာ အသုံးပြုရာ တွင် လည်း နှေးကွေးစေပါတယ်၊ ထင်ရှား သော worm များ အဖြစ် ကျော်ကြား ခဲ့သော SQL Blaster သည် အချိန်တို အတွင်း အင်တာနက် ကို နှေးကွေး စေခဲ့ သလို၊ Code Red သည်လည်း ဝက်ဆိုဒ် ပေါင်း 359,000 ကို downtime ဖြစ်ပေါ်စေခဲ့ပေသည်။

>>> Viruses

Viruses သည် လည်း worm ကဲ့သို့ ပင် ပွားများနိုင်စွမ်း ရှိပါတယ်၊ ဒါ့အပြင် virus သည် ကွန်ပြူတာ တွင် ရှိ သော ဖိုင် များ ကို တိုက်ခိုက် ဖျက်ဆီး ပစ်ပါတယ်၊ သူ့ရဲ့ အဓိက အားနည်းချက် ကတော့ ပင်မ ပရိုဂရမ် က ခိုင်းစေ မှ သာ သူ့ ရဲ့ လှုပ်ရှား မှု များကို စတင် နိုင်မှာ ဖြစ်ပါတယ်၊ သူ့တို့သည် အသံဖိုင်၊ ဗီဒီယိုဖိုင် နဲ့ execute လုပ်လို့ရသော ဖိုင် များ တွင် ကပ်ညိတွယ် နိုင်ပြီး၊ အင်တာနက် နှင့် removable media က တဆင့် ပြန့်ပွား နိုင်ပါတယ်၊ ဥပမာ။ ။ W32.Sfc!mod, ABAP.Rivpas.A, Accept.3773 တို့သည် Virus ပရိုဂရမ် တို့ပင် ဖြစ်သည်။

>>> Trojans

Trojans သည် ကွန်ပြူတာ စနှစ် နဲ့ ဖိုင်များ ကို ဖျက်ဆီးပစ်ခြင်း မရှိတာကြောင့် virus လို့တော့ မဆိုနိုင် ပါဘူး၊ သူ့ ရဲ့ အဓိက တာဝန် ကတော့ malicious programs (သို့) မသမာသူ များ အတွက် သက်ဆိုင်ရာ ကွန်ပြူတာ စနှစ် ကို တိုက်ခိုက်ရ လွယ်ကူအောင် backdoor ကို ချန်ထား ပေးတာကြောင့်၊ အရေးကြီးသော အချက်အလက် များ ကို ပိုင်ရှင် မသိ အောင် ခိုးယူနိုင်စေ ခြင်းပင် ဖြစ်ပါတယ်၊ ဥပမာ။ ။ JS.Debeski.Trojan

>>> Adware

Adware က တော့ သက်ဆိုင်ရာ ပရိုဂရမ် တပုဒ် နှင့် အတူ ပါလာပြီး၊ ကြော်ငြာ များကို ပြသပါတယ်၊ Adware များ သည် အခမဲ့ ပေးသော ပရိုဂရမ် များ နှင့် အတူ ပါလာတတ်ပြီး၊ ၎င်း ပရိုဂရမ် ကို အသုံးပြုသူ သည် မည်သို့သော ကြော်ငြာ များ ကို ကြိုက် နှစ်သက် သည် တို့ ကို လေ့လာ ပြီး၊ ထိုသို့သော ကြော်ငြာ များ ကို ပြသ စေပါတယ်။

>>> Spyware

Spyware သည် အခမဲ့ ပေးသော ဆော့ပ်ဝဲလ် များ နှင့် ကပ်ပါလာတတ်သည်၊ spyware သည် ကွန်ပြူတာ အသုံးပြုသူ ၏ အင်တာနက် browsing နှင့် သူ၏ ကိုယ်ရေးအချက် အလက် အသေးစိတ် တို့ကို အသင့်စောင့်စား နေသူ ထံသို့ ပို့ဆောင်ပေး ပါသည်၊ Spyware သည် မလိုလားအပ်သော ဆော့ပ်ဝဲလ် ကို အင်တာနက် မှ တဆင့် အင်စတော လုပ်ဆောင်နိုင် ရန် အတွက် လည်း အကူအညီ ပေး နိုင်သည်၊ Spyware သည် standalone program တပုဒ် အဖြစ်၊ သူ့၏ လုပ်ဆောင်ချက် များ ကို တိတ်တဆိတ် လုပ်ဆောင် ပေသည်။

>>> Spam

မိမိ မသိသော သူထံ မှ မလိုလားအပ်သော အီးမေးလ် များ ရရှိ ခြင်းကို “spam” (သို့) “junk mail” လို့ ခေါ်ပါတယ်၊ တခါတရံ မှာ အင်တာနက် မှ တဆင့်၊ မိမိ၏ mailbox အတွင်းသို့ မလိုလား အပ်သော အီးမေးလ် မြောက်များ စွာ ရောက်ရှိ လာနိုင်ပြီး၊ ၎င်း ကို “spamming” လို့ ခေါ်ဆိုပါတယ်၊ တခါတရံ ထို “junk mail” များသည် virus နှင့် trojan ကဲ့သို့သော malware များကို သယ်ဆောင်လာတတ်ပြီး၊ ၎င်း အီးမေးလ် ကို ဖွင့်လျှင် ဖွင့်ခြင်း၊ သက်ဆိုင်ရာ ကွန်ပြူတာ စနှစ် အတွင်း သို့ ဝင်ရောက် နိုင်ပေသည်။

>>> Ransomware

Ransomware က တော့ သင် ကွန်ပြူတာ ရဲ့ ပုံမှန် လုပ်ဆောင်ချက် များကို ပြုလုပ် လို့ မရ အောင် ဟန့်တား နှောက်ရှက်ပါတယ်၊ ပြီးနောက် သူက နေပြီးတော့ ကွန်ပြူတာ စနှစ် ပုံ မှန် ပြန်ရ လိုပါက ငွေ တောင်းခံသော မက်ဆေ့ချ် ကို ဖေါ်ပြမှာဖြစ်ပါတယ်။

“Malware” များ၏ ပုံဆန် အမျိုးမျိုး ကို အထက်တွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်၊ အချုပ်ဆိုရရင် “malware” ရေး သူ များ၏ ရည်ရွယ် ချက် များကိုလည်း အောက်ပါ အတိုင်း တွေနိုင်ပေသည်။

--> တစုံတယောက် ၏ ကွန်ပြူတာ ကို ကွန်ထရိုး လုပ်ရန် (သို့) ဖျက်ဆီး ပစ်ရန်
--> -ငွေကြေး တစုံတရာ ရယူ ရန်
--> အရေး ကြီးသော ဒေတာ များ၊ အချက်အလက် များ ကို ခိုးယူရန်
--> အသုံးပြုနေ သော security system ၏ အားနည်းချက် ကို ထောက်ပြရန်
--> ကွန်ပြူတာ တလုံး (သို့) ကွန်ပြူတာ နက်ဝပ် ကြီး တခုလုံးအား ပြိုလဲစေရန်

>>> “Malware” ကို ဘယ်လို ကာကွယ် ကြမလဲ???

--> သင်၏ ကွန်ပြူတာ စနှစ် (ဥပမာ။ ။ Windows) သည် up-to-date ဖြစ်နေပါစေ
--> Genuine software များကို အသုံးပြုပြီး၊ pirate software များကို ရှောင်ပါ
--> Antivirus software ကို Install လုပ်ထားပြီး မှန်မှန် update လုပ်ပါ၊ သင်၏ ကွန်ပြူတာ သည် မြန်ဆန်ပါက၊ antivirus software နှစ်ခု ထားပါ
--> ဝင်းဒိုး ရဲ့ built-in firewall ဖြစ်ဖြစ်၊ ဒါမှ မဟုတ် antivirus software နဲ့ ပါလာတဲ့ firewall ကို အသုံးပြုပါ
--> သင့် အီးမေးလ် ၏ “junk folder” (သို့) “spam folder” အတွင်း ရောက်ရှိနေသော အီးမေးလ် များ ကို မဖွင့်ပါနှင့်
--> မသိသော link များ ကို ဖွင့် မကြည့် ပါနှင့်
--> Removable media (ဥပမာ။ ။ USB stick) များ ကို ကွန်ပြူတာ နှင့် attach လုပ်သည့် အခါ၊ antivirus software တခုခု နှင့် စစ်ပါ

Credit : ITW


Reactions