Windows 10 Quick Access အကြောင်းသိကောင်းစရာ

Windows 10 Quick Access အကြောင်းသိကောင်းစရာ

 Windows 10 အသုံးပြုတဲ့ ကွန်ပျူတာတွေမှာတော့ အသုံးပြုခဲ့ဖိုင်တွေကို ကွန်ပျူတာပိတ်ပြီးပြန်ဖွင့်တဲ့ အချိန်မှာတောင် ဖိုင်တွေသိမ်းထားတဲ့ HDD ထဲက မှုလနေရာအထိ ဝင်ဖွင့်နေစရာမလိုပဲ အလွယ်တကူ ပြန်လည်အသုံးပြုလို့ရနိုင်တဲ့ Quick Access ဆိုတဲ့ Feature တစ်ခုပါဝင်ပါတယ်။ ဒီ Quick Access ကို Explorer ကို ဖွင့်လိုက်ရင် This PC ရဲ့အပေါ်မှာ တွေ့နိုင်ပါတယ်။ Windows 7,8,8.1 တွေမှာတော့ Explorer ကို နှိပ်ဖွင့်လိုက်ရင် Computer,This PC HDD Partition တွေရှိတဲ့နေရာ တန်းဖွင့်သွားမှာပါ။ Windows 10 Version 1709 Build 16299.125 မှ စပြီး Explorer ကို ဖွင့်လိုက်ရင် အရင်အသုံးပြုခဲ့တဲ့ ဖိုဒါ၊ ဖိုင်တွေကို အဆင်သင့်ပြန်ယူအသုံးပြုနိုင်ပါတယ်။ (Windows 10 Explorer ဖွင့်အသုံးပြုနည်းများကို https://goo.gl/gMksVg လင့်ခ်မှာ ဝင်ဖတ်နိုင်ပါတယ်။) တကယ်လို့Quick Access ကနေ အရင်အသုံးပြုခဲ့တဲ့ ဖိုဒါ၊ဖိုင်တွေကို သူများကို မမြင်စေချင်ရင် Quick Access ကို Disable လုပ် ပိတ်ထားလို့ရသလို ကိုယ်အသုံးပြုနေကျ ဖိုင်၊ဖိုဒါတွေကိုလည်း Right Click နှိပ်ပြီး Quick Access ထဲကို Pin to Quick Access လုပ်ထားလို့ရပါတယ်။ Quick Access ကို Disable လုပ် ပိတ်ထားချင်ရင်တော့ အဲ့ဒီ Quick Access ကို Right Click နှိပ်ပြီး Option ထဲဝင်၊ General Tab အောက်က Open File Explorer to ဘေးမှာ Quick Access ဖြစ်နေတာကို This PC ကို ရွေးပေးပြီး အောက်နားက Privacy မှာ Show Recently used files in Quick Access နဲ့Show Recently used folders in Quick Access နှစ်ခုကို အမှန်ခြစ် ဖြုတ်လိုက်ပြီး Apply > OK နှိပ်ပေးလိုက်ရင် File Explorer ကို ဖွင့်လိုက်တာနဲ့This PC ထဲကို တန်းရောက်သွားမှာပါ။ #NetComplus #ITplusIT





Reactions