What is Domain?

What is #Domain?

Domain ဆိုတာ Internet ပေါ်ကလိပ်စာတစ်ခုပါပဲ။ ကျွန်တော်တို့လူတစ်ယောက်ဆီကိုသွားချင်တဲ့အခါမှာ ထိုလူနေထိုင်တဲ့လိပ်စာကိုသိမှသွားလို့ရမှာဖြစ်သလို၊ Internet ပေါ်မှာ Website တစ်ခုကိုကြည့်ချင်တယ်ဆိုရင်လည်း ထို Website ရဲ့ Domain ကိုသိမှအဆင်ပြေမှာပါ။ လိပ်စာတွေဟာ တစ်ခုနဲ့တစ်ခု လမ်းနံပါတ်၊ အိမ်နံပါတ်၊ မြို့နယ် မတူသလို၊ Domain တွေမှာလည်း နာမည်ကော Extension ကောတူတဲ့ Domain ဆိုတာမရှိပါဘူး။

Domain တွေမှာ အဓိကအားဖြင့် TLDs and CCTLDs ဆိုပြီးရှိပါတယ်...

What is TLDs?

Top Level Domain ကိုခေါ်တာပါ။ TLDs မှာ....

     .com
     .org
     .net
     .info
     .org

ဆိုပြီး Extension ပေါင်းထောင်ကျော်ရှိပါတယ်။

What is CCTLDs?

Country Code Top Level Domain ကိုခေါ်တာပါ။ CCTLDs မှာ...
 
      .mm
      .us
      .jp
      .kr
ဆိုပြီး Country Name တွေပါလာပါတယ်။ Domain Extension ကိုကြည့်လိုက်တာနဲ့ ဘယ်နိုင်ငံကလဲဆိုတာ သိနိုင်ပါတယ်။

What is #DNS?
***********
Domain နဲ့ Web Hosting အကြောင်းပြောရင် Domain Name System (DNS) ကမပါမဖြစ်ပါ။ DNS ကဘာလုပ်ပေးတာလဲဆိုရင် Domain Name ကို IP Address အဖြစ်ပြောင်းပေးတာပါ။ ကျွန်တော်တို့ www.google.com ဆိုပြီး Browser ကနေရိုက်ရှာလိုက်တယ်ဆိုရင်၊ DNS Server ထဲမှာ www.google.com ရဲ့ IP Address ကိုအရင်ရှာပါတယ်၊ www.google.com ရဲ့ IP Address ကို DNS ကထုတ်ပေးလိုက်မှ၊ ကျွန်တော်တို့က www.google.com ရဲ့ Website တည်ရှိရာ Web Server ကိုရောက်တာပါ။

What is Web #Hosting?
*****************
Web Hosting ဆိုတာ Website အတွက် Data တွေသိမ်းဆည်းထားတဲ့နေရာကိုခေါ်တာပါ။ ကျွန်တော်တို့ Browser မှာ Website တစ်ခုခုကိုရှာလိုက်တယ်ဆိုရင် ပေါ်လာတဲ့စာတွေ၊ ပုံတွေဆိုတာက Web Hosting ထဲက Data တွေပါ။ Domain နဲ့ Web Hosting ရှိမှ Website ပြုလုပ်လို့ရမှာပါ။
Web Hosting ၃ မျိုးရှိပါတယ်...

- Shared Hosting
- VPS Server
- Dedicated Server

တို့ဖြစ်ပါတယ်။

What is #Bandwidth?
********************
Bandwidth ဆိုတာ Website နှင့် Web Server ကြားရှိ Data Transfer Rate ကိုခေါ်တာပါ။ Website တစ်ခု Internet ပေါ်သို့တင်တော့မည်ဆိုလျှင် ထို Website အတွက်လိုအပ်သော အနည်းဆုံး Bandwidth ကိုရွေးချယ်နိုင်ရန်မှာလည်း အရေးကြီးလှပါသည်။ သင့် Website ၏ Page တစ်ခုသည် 1 MB ရှိပြီး၊ တစ်နေ့ကိုအနည်းဆုံး ဝင်ရောက်ကြည့်ရှုသူ 3,000 ရှိကာ၊ ဝင်ကြည့်သူတိုင်းသည် Website ၏ Page ၂ ခုကိုအနည်းဆုံးကြည့်ရှုသွားမည်ဆိုပါက၊ ထို Website အတွက် တစ်လကို Bandwidth အနည်းဆုံးလိုအပ်ချက်မှာ-

   2 MB × 3,000 Visitors × 30 Days
          180,000 MB
       175.78 GB Bandwidth/month

ကိုအနည်းဆုံးလိုအပ်ပါလိမ့်မယ်။

Bandwidth သည်တစ်လကိုတစ်ခါ Reset လုပ်ပါတယ်။ တစ်လပြည့်ပြီးတိုင်း Zero kilobytes မှပြန်စတွက်ပါသည်။ တစ်လမပြည့်ခင် သတ်မှတ်ထားသော Bandwidth ကိုကျော်လွန်သွားပါက၊ Website ကိုခေါ်ကြည့်မည်ဆိုလျှင် "Bandwidth Limit exceeded" ဆိုသောစာကိုသာမြင်ရပြီး Website ကိုမြင်ရတော့မည်မဟုတ်ပါ။ သင်ဝယ်ထားသော Hosting provider ဆီသို့ဆက်သွယ်ပြီး Plan Upgrade လုပ်လိုက်လျှင် Website ပြန်တက်လာမည်ဖြစ်ပြီး၊ Upgrade မလုပ်လိုပါက နောက်လ ၁ ရက်နေ့ထိစောင့်ပေးလိုက်လျှင် Website ပြန်တက်လာမည်ဖြစ်ပါသည်။

What is #cPanel ?
***********
Web Hosting Account ကို Management လုပ်ဖို့သုံးတဲ့ Web Hosting Control Panel (cPanel) ကိုခေါ်တာပါ။ Web Hosting Provider တွေတော်တော်များများကလည်း cPanel ကိုသုံးကြပါတယ်။ cPanel ထဲမှာ Website တင်တာ၊ Email Account, FTP Account ပြုလုပ်တာ၊ Add-on Domain, Parked Domain, Sub Domain ထည့်တာတွေကိုပြုလုပ်လို့ရပါတယ်။ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး Web Hosting Control Panel တစ်ခုဖြစ်ပါတယ်။

What is the difference between HTTP and HTTPS?
*********
ကျွန်တော်တို့ Internet ပေါ်မှာ Website တွေကိုဝင်ရောက်ကြည့်ရှုတဲ့ အခါမှာ URL (Uniform Resource Locator) မှာ http or https နဲ့ပေါ်တာကိုမြင်ဖူးကြပါလိမ့်မယ်။ ထို (၂) ခုကွာခြားပုံကို အလွယ်ဆုံးရှင်းပြရရင်....

#HTTP
**********
HTTP ဆိုတာက Hyper Text Transfer Protocol ကိုခေါ်တာပါ။ သူက Browser နဲ့ Website ကြားမှာ request တွေကို encrypt မလုပ်ဘဲအပြန်အလှန်သွားတာပါ။ Encrypt မလုပ်ဘဲ Plain Text အနေနဲ့သွားတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ Data တွေကမလုံခြုံတော့ပါဘူး။ Bank Account နဲ့ဈေးဝယ်တာတို့၊ ငွေလွှဲတာတို့ဆိုရင် တစ်ခြားသူတစ်ယောက်ကကိုယ့်ရဲ့ Bank Account ကိုကြားဖြတ်ရယူသွားနိုင်ပါတယ်။

#HTTPS
************
HTTPS ဆိုတာ Hyper Text Transfer Protocol Secure ကိုခေါ်တာပါ။ သူကတော့ Browser နဲ့ Website ကြားမှာ request တွေကို encrypt လုပ်ပြီးမှသွားတာပါ။ HTTPS Page တွေဟာ Data တွေကို Encrypt လုပ်ဖို့အတွက် SSL (Secure Socket Layer) or TLS (Transport Layer Security) ဆိုတဲ့ Protocol နှစ်ခုထဲက၊ တစ်ခုကိုအသုံးပြုကြပါတယ်။ SSL or TLS နှစ်ခုစလုံးသည် Encrypt လုပ်ဖို့အတွက်”asymmetric’ Public Key Infrastructure (PKI) system ကိုအသုံးပြုကြပါတယ်။ “Asymmetric” စနစ်ဟာဆိုရင် Data တွေကို Encrypt လုပ်ဖို့အတွက် “Public and Private” Key တွေကိုအသုံးပြုကြပါတယ်။ Public Key နဲ့ Data ကို Encrypt လုပ်ပြီး၊ Private Key နဲ့ Decrypt ပြန်လုပ်တဲ့စနစ်ပါ။ Browser တစ်ခုခုကနေ HTTPS ရှိနေတဲ့ Web Page တစ်ခုကို request လုပ်လိုက်တယ်ဆိုရင် Website ကအရင်ဆုံး SSL Certificate ကိုပြန်ပို့လိုက်ပါတယ်။ ထို Certificate မှာ “Public Key” ပါဝင်ပါတယ်။ Browser ကထို Public Key ကိုအသုံးပြုပြီး Data တွေကို Encrypt လုပ်ပြီး Website ဆီပို့ပါတယ်။ Website ဘက်ကတော့ “Private Key” ကိုအသုံးပြုပြီး Decrypt ပြန်လုပ်ပါတယ်။ Encrypt လုပ်ပြီးမှသွားတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ Data, Information, Bank Account တွေအတွက် HTTP ထက် HTTPS ကပိုပြီးတော့ လုံခြုံစိတ်ချရပါတယ်။

What is #FTP?
**************
File Transfer Protocol ကိုခေါ်တာပါ။ Web Hosting Account မှာ File တွေကို Upload လုပ်ဖို့ FTP ကိုသုံးကြတာပါ။ cPanel ထဲမှာပါတဲ့ File Manager ကိုသုံးမယ်ဆိုရင် တစ်ကြိမ်ကို File တစ်ခုပဲ Upload လုပ်လို့ရပါတယ်။ FTP ကိုသုံးရင်တော့တစ်ကြိမ်တည်းမှာ File အများအပြားကို တစ်ကြိမ်တည်းမှာ Upload ပြုလုပ်လို့ရပါတယ်။ Web Hosting မှာပါတဲ့ FTP Account ကိုချိတ်ဖို့ဆိုရင် FTP Client တစ်ခုလိုပါတယ်။ Free ရတဲ့ FTP Client တွေအများအပြားရှိပါတယ်။ လူသုံးအများဆုံး Free FTP Client ကတော့ Filezilla ပါ။ သူက Windows ရော Mac မှာပါသုံးလို့ရပါတယ်။ FTP Account တွေကို cPanel ထဲမှာတည်ဆောက်လို့ရပါတယ်...

What is #SubDomain ?
***********
Domain Name တစ်ခုရဲ့ရှေ့မှာ Dot(.) ခံပြီး ကိုယ်ကြိုက်တဲ့ Name ထည့်ကာအသုံးပြုတာကို Sub Domain လို့ခေါ်တာပါ။ Domain Name တစ်ခုတည်းကိုပဲ Sub Domain ထည့်ကာ Website အသစ်တစ်ခုလုပ်လို့ရပါတယ်။ Sub Domain ကိုအသုံးများကြတာက Website မှာ Categories အနေနဲ့ဖြစ်စေ၊ Memorable URLs အနေနဲ့ဖြစ်စေ အသုံးများကြပါတယ်။

ဥပမာ - ကျွန်တော်တို့မှာ abc.com ဆိုပြီး Domain Name နဲ့ Website တစ်ခုရှိတယ်ဆိုပါစို့။ ထို Domain Name ကိုပဲ အသုံးပြုပြီး test ဆိုပြီး Website ပြုလုပ်ကြမယ်ဆိုရင် test.abc.com ဆိုပြီး Hosting ထဲမှာ Sub Domain ထည့်လို့ရပါတယ်။ ထည့်လိုက်တဲ့ test.abc.com ကို Hosting ထဲက Folder တစ်ခုကို Point လုပ်ပြီး Website အသစ်ဖြစ်စေ၊ Categories အနေနဲ့ဖြစ်စေအသုံးပြုလို့ရပါတယ်။

ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ Facebook မှာ www.facebook.com နဲ့ mobile.facebook.com ဆိုပြီးရှိပါတယ်။ mobile.facebook.com ဆိုတာက Facebook ရဲ့ Sub Domain ပါပဲ။ www. ကိုတော့ Computer or Desktop View တွေကနေ Facebook ကိုသုံးရင်တွေ့ရတဲ့ Website ဖြစ်ပြီး၊ mobile. ကတော့ Phone or Tablet တွေကနေသုံးရင်မြင်ရတဲ့ Website ပါ။

What is Add-on Domain?
*************
Web Hosting Account တစ်ခုထဲ
မှာနောက်ထပ် Domain အသစ်တစ်ခုထပ် Add လိုက်တာကိုပြောတာပါ။ ထို Domain ကို Hosting ထဲက Folder တစ်ခုကို Point လုပ်ပေးပြီး၊ နောက်ထပ် Website အသစ်တစ်ခုထပ်လုပ်လို့ရပါတယ်။ Web Hosting Account တစ်ခုတည်းနဲ့ Website ၂ ခု (သို့) မိမိရဲ့ Web Hosting Provider မှသတ်မှတ်ထားတဲ့အရေအတွက်ထိ Website တွေပြုလုပ်လို့ရပါတယ်။

Crd >>


Reactions