LAPTOP ကနေ WIFI ဘယ်လို ပြန်လွှင့်မလဲ။

ဖုန်းနဲ့ laptop နဲ့ချိတ်သုံးတဲ့အခါ ဒါမှမဟုတ် Ethernet cable နဲ့ ချိတ်ပြီး သုံးနေတဲ့အခါ တခြား ဖုန်း ဒါမှမဟုတ် ကွန်ပျူတာ ဆီကို WIFI လွင့်ပြီး Network ပြန် Share ဖို့အတွက် နည်းလမ်းကောင်းလေးပါ။ လွယ်ပါတယ်။ နဲနဲလေး ဂရုစိုက်ပြီး လိုက်လုပ်လိုက်ရင် အဆင်ပြေပြေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ပထမဆုံး ကိုယ့်ရဲ့ laptop မှာ ပါတဲ့ wifi adapter က wifi လွှင့်လို့ ရ/ မရ စစ်ကြည့်ဖို့ လိုပါတယ်။ ဝိုင်ဖိုင် လွှင့် ရ၊ မရ စစ်ဖို့အတွက် ကွန်ပျူတာ မှာ ပါတဲ့ Command prompt (CMD) ကို အသုံးပြုပြီး စစ်ရမှာဖြစ်ပါတယ်။ ဆိုတော့ cmd ကို administrator permission နဲ့ ဖွင့်ရမှာဖြစ်ပါတယ်။ Admin permit နဲ့ဖွင့်ဖို့ဆိုရင် Windows 7 တွေမှာ Programs> Access> System ass> CMD ပေါ်မှာ Right click နှိပ်ပြီး Run as Admin နဲ့ဖွင့်ပါ။ Windows 10 မှာတော့ Start နှိပ်ပြီး cmd လို့ရေးပါ။ ပေါ်လာတဲ့ cmd program ပေါ်မှာ right click နှိပ်ပြီး Run as admin နဲ့ဖွင့်ပါ။ နောက်ဆုံး တစ်နည်းကတော့ C: windows/system32 ထဲသွားပြီး cmd ကိုရှာ Right click နှိပ်ပြီး Run as admin နဲ့ဖွင့်ပါ။ ပြီးရင် အောက်က command လေးကို ရေးပြီး Enter နှိပ်ပါ။

internet-connection-sharing-windows-10
network-connections-ethernet-properties
ပုံထဲမှာ Ethernet ဆိုတာ လက်ရှိချိတ်ထားတဲ့ လိုင်းပါ။ နောက်က Local Area Connection *13 ဆိုတာ အသစ်ဖွင့်လိုက်တဲ့ wifi လိုင်းပါ။
NETSH WLAN show drivers


Hosted network supported: YES ဆိုရင်တော့ ဆက်သွားလို့ရပါပြီ။
ဒါပြီးပြီဆိုရင် Network တစ်ခု တည်ဆောက်ပါမယ်။ အောက်မှာပေးထားတဲ့ command လေးကို ကြည့်ပါ။
NETSH WLAN set hostednetwork mode=allow ssid=Your_SSIDkey=Your_Passphrase
Your_SSID ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့wifi လိုင်း နာမည် ထည့်ရမှာပါ။ ဥပမာ – Mywifi ပေါ့။ နောက်က Your_passphrase ဆိုတဲ့နေရာမှာ ကိုယ်လွင့်မယ့် wifi လိုင်းအတွက် password ထားဖို့ပါ။ အနီရောင်နဲ့ပြထားတဲ့နေရာမှာ password တစ်ခုခု ထားလိုက်ပါ။ ပြီးရင် အောက်က command လေး ထပ်ရေးပြီး wifi host spot စ လွှင့်လိုက်ပါမယ်။
NETSH WLAN start hostednetwork
ဒါဆိုရင် Network host spot လွှင့်တာ ပြီးသွားပါပြီ။ ဒါပေမယ့် ကိုယ့် ကွန်ပျူတာထဲမှာ ရှိနေတဲ့ အင်တာနက်လိုင်းကို ကိုယ်လွှင့်လိုက်တဲ့ wifi ထဲကနေ သုံးနိုင်ဖို့အတွက် အင်တာနက်လိုင်းကို share လုပ်ပေးဖို့လိုပါသေးတယ်။ သဘောကတော့ ရှိနေတဲ့ အင်တာနက်လိုင်းကို wifi host spot ထဲ ချိတ်ပေးဖို့ပါ။ အလွယ်ဆုံးနည်းလမ်းကတော့ control panel ထဲကို သွားပြီး Network and sharing ကို ဝင်ပါ။
ဆိုတော့ Ethernet ဆိုတာပေါ်မှာ right click နှိပ်ပြီး Properties ကို ရွေးပါ။ အောက်က ပုံထဲမှာ ပြထားတဲ့အတိုင်း ပေါ်လာပါမယ်။
ပုံထဲကအတိုင်း Sharing မှာ အမှန်ခြစ်ပေးပါ။ ပြီးရင် အောက်က Drop down menu ထဲက Local Area Connection *13 (နာမည်တူချင်မှတူပါမယ်နော်) အဲဒါလေးကို တစ်ချက် ရွေးပြီး OK နှိပ်လိုက်ရင် wifi host spot လွှင့်တာ ပြီးဆုံး သွားပါပြီ။ ကွန်ပျူတာက လွှင့်လိုက်တဲ့ wifi ကို ရယူ သုံးစွဲလို့ရပြီပေ့ါ။
ဟုတ်ပြီ သုံးစရာရှိတာလည်း သုံးပြီးသွားပြီ။ ဒါကြီးကို ပြန်ပိတ်မယ်။ ဘယ်လို ပြန်ပိတ်မလဲ။ ပထမဆုံး ဖွင့်ခဲ့တဲ့  CMD ကို ပြန်ဖွင့် ပါ။ ပြီးရင် အောက်မှာပေးထားတဲ့ Command လေး ရိုက်ပြီး ပြန်ပိတ်လိုက်ရုံပါပဲ။
NETSH WLAN stop hostednetwork

Crd. စေတနာ အနန္တဖြင့် (မောင်ညီဇော် – ကျောက်ဆည်)။
Reactions