Software developer တစ်ယောက် ဖြစ်ချင်သည်။

ဒီပိုစ်ဟာ programming အခြေခံတန်းကို တက်ရောက်ထားပြီး ဆော့ဝလ် developer တစ်ယောက် ဖြစ်ချင်သူ ကိုယ်တိုင် ပရောဂျက်ရေးဆွဲချင်တဲ့ သူတွေအတွက် ရည်ရွယ်ပါသည်။

Let’s go
programming ကို ဝါသနာပါလို့ပဲဖြစ်စေ programmer တစ်ယောက်ရဲ့ လစာ ဝင်ငွေကို သဘောကျလို့ပဲဖြစ်စေ programmer နယ်ပယ်ကို ဝင်ရောက်သည်နှင့်တစ်ပြိုင်နက် အခြေခံတန်းကို အရင်ဆုံး တက်ကြရမည်ဖြစ်ပါတယ်။
အခြေခံတန်းမှာ ဘာဖြစ်တတ်လဲဆိုတော့ ကိုယ်က ဝါသနာပါလို့သာ တက်လိုက်တာ System.out.println ကို looping ပတ်ထုတ်နေရတာတွေ variable ကြေညာပီး ဒေတာတွေ ထည့်လိုက် ထုတ်လိုက်နဲ့ console ပေါ်မှာပဲ ထွက်လာတဲ့ အဖြေတွေကို ကြည့်ပီး ကြာတော့ စိတ်ညစ်လာရတာ ငြီးငွေ့လာရတာတွေကို တော်တော်များများကြုံကြရမှာပါပဲ။ (ကျတော်ကိုယ်တိုင် ကြုံခဲ့လို)

အိုကေ ဆော့ဝလ်တစ်ခုကို ကိုယ်တိုင် ရေးသားနိုင်ဖို့ကလည်း
ဒီအခြေခံတွေကို မှ မသိထားရင်ကလဲ မဖြစ်

အဲ့တော့ ဆော့ဝလ်တစ်ခုကို ရေးသားတတ်ဖို့

variable တွေကို သိပြီလား
Operators တွေကို သုံးတတ်ပီလား
Control Statement တွေကို သုံးတတ်ပီလား
Array ကို နားလည်ပီလား ရေးတတ်လား
class and method တွေ ရေးတတ်ပီလား
Access modifier ကို နားလည်ပီလား
class and method တွေကို object ဆောက်ပီး ခေါ်သုံးတတ်ပီလား
File and I/O တွေကို သုံးတတ်ပီလား

ဒီအပိုင်းတွေကို ရခဲ့ပီဆိုရင် ဆော့ဝလ်ရေးတတ်ဖို့ အဆင်သင့်ဖြစ်ပီလို့ ပြောလို့ရပါတယ်။ အပေါ်က ပြောခဲ့တဲ့ အချက်တွေသာ လုပ်တတ်ပီးဆိုရင်တော့ programming ကို ငြီးငွေ့နေတာတွေ ပျောက်ဖို့ အချိန်ကျပီလို့ပဲ ဆိုပါတော့။

ဘာဆက်လုပ်ရမလဲ
ကိုယ့်ကွန်ပျူတာမှာ
၁။ microsoft sql server management studio 2008
၂။ microsoft visual studio 2005 ဒီဆော့ဝလ် နှစ်ခုလောက်ရှိရင်
ဆော့ဝလ်တစ်ခုကို ကောင်းကောင်းရေးလို့ရပါပီ။
အခုဆိုရင်တော့ version အမြင့်တွေလဲ ထွက်နေပါပီ။

နောက်ထပ်ဆက်လုပ်ရမှာက
အပေါ်မှာ ပြောခဲ့တဲ့ ဆော့ဝလ်နှစ်ခုလောက်သာ ကိုယ့်ကွန်ပျူတာထဲမှာ ရှိခဲ့ရင် ထည့်သွင်းပီးလို့ အောင်မြင်ပီဆိုရင်ပဲ
youtube မှာ c# turorial လို့ ရိုက်ရှာပီး လေ့လာလို့ရပါပီ။

Project တွေ ရေးသားနိုင်ဖို့က
ကိုယ်ကိုယ်တိုင်လဲ youtube မှာ c# project လို့ ရှာရင် ကိုယ်တိုင် ရေးနိုင်သလို အခြေခံတန်းထက်ပိုပီး C# Developer တန်းကို တက်ရောက်နိုင်ပါပီ။

သင်သာ အခြေခံတန်းမှာ programming ကို ကောင်းကောင်းနားလည်ခဲ့ပါက
C# သည် သင့်ကို ပျော်ရွှင်မှုတွေ ပေးပါလိမ့်မည်။

C# သည် ပြည့်စုံခိုင်မာသော Library များစွာအပြင် အမျိုးမျိုးသော Feature များကို ပိုင်ဆိုင်ထားခြင်းကြောင့် Application များကို လွယ်လင့်တကူ ဖန်တီးနိုင်ပါသည်။ ခေတ်မှီပြီး ရိုးရှင်းလွယ်ကူသည့်အတွက် လျှင်မြန်စွာ သင်ကြားတတ်မြောက် နိုင်ပါသည်။ ကာလအတော်ကြာ ကင်းကွာနေခဲ့သည့်တိုင် မှတ်မိနေစေမှာပင် ဖြစ်ပါသည်။

ကိုယ်ကိုယ်တိုင် ဆော့ဝလ်တစ်ခု ဖြစ်အောင် ရေးသားနိုင်ဖို့ကလဲ မဖြစ်မနေ သိထား တတ်ထားဖို့ လိုတာက database ပဲ ဖြစ်ပါတယ်။
database ဟာ ဆော့ဝလ်တစ်ခုရဲ့ အသက်လိုပါပဲ။
အဲ့တော့ database ကိုလဲ တတ်ထားပါမှ ဆော့ဝလ်တစ်ခုကို ကိုယ်တိုင် အစအဆုံး Develop လုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒီလောက်နဲ့တော့ တကယ့် software developer တစ်ယောက်တော့ မဟုတ်သေးပါဘူးဆိုတာတော့ ကြိုပြောပါရစေ။ စာရေးသူကိုယ်တိုင်တောင် Error ပေါင်း သောင်းခြောက်ထောင်နဲ့ တိုင်ပတ်နေတဲ့သူပါ။ သို့ပေမယ့် ဆော့ဝလ်ရေးနိုင်ဖို့ စိတ်ခွန်အားပေးခြင်းပါပဲ။

အားလုံးအဆင်ပြေကြပါစေ။


Reactions