Logo ကောင်းတစ်ခုဖြစ်ဖို့အတွက် သတိထားရမယ့် အချက်များ
------------------------------------
နေ့စဉ်လှုပ်ရှားသွားလာရင်း အမြဲမြင်တွေ့ဖြစ်တာက ကုမ္ပဏီလုပ်ငန်းတွေရဲ့ Logo တွေပဲဖြစ်ပါတယ်။ သွားရင်းလာရင်း တွေ့တဲ့အရာမို့ ကုမ္ပဏီနာမည်ထက် Logo ကိုပဲ သတိထားမိကြတာများပါတယ်။ ဒီလိုမျိုး ကုမ္ပဏီရဲ့ Image တစ်ခုဖြစ်တဲ့ Logo ကို စတင် ပြုလုပ်တော့မယ်ဆိုရင် အထူးရှောင်ရှားရမယ် အချက်လေးတွေ ပြောပြချင်ပါတယ်။ 💝💝
1⃣ Logo ကိုယ်တိုင်ဆွဲခြင်း
လုပ်ငန်းရှင် တော်တော်များများက သူတို့ရဲ့ Logo ကို စဆွဲပြီဆိုတာနဲ့ အမြန်ဆုံး ပြီးစီးစေချင်ကြတယ်။ ဒါကြောင့် Professional Designer တွေဆီမှာ မအပ်ပဲ ကိုယ်တိုင်ဆွဲတာတို့ အသိမိတ်ဆွေတွေကို ဆွဲခိုင်းတာတို့ ပြုလုပ်ကြတယ်။ ဒီလိုလုပ်ခြင်းက Logo ရဲ့ တန်ဖိုးကို လျော့ကျစေပါတယ်။ အဓိပ္ပါယ် မပြည့်စုံပဲ ဆွဲဆောင်မှု မရှိတဲ့ Logo တွေက Customer စိတ်ဝင်စားမှုကို လျော့နည်းစေလို့ ကျွမ်းကျင်တဲ့ Designer တွေဆီအပ်မှ Logo ကောင်းတစ်ခု ရရှိနိုင်မှာပါ။
2⃣ Customer ဘက်ကိုမကြည့်ပဲ ကိုယ့်စိတ်ကြိုက် ဒီဇိုင်းဖော်ခြင်း
Cutomer တွေ အကြိုက်ကို သတိမထားပဲ ကိုယ့်စိတ်ကြိုက် ဒီဇိုင်းကိုပဲ ဖန်တီးတာမျိုးလဲ မဖြစ်သင့်ပါဘူး။ ဘာလို့လဲဆိုရင် ဥပမာ ကိုယ့်ရဲ့ Product က ယောကျ်ားလေးသုံး ပစ္စည်းဆိုရင် သုံးတဲ့ Font တို့ Color တို့က မိန်းကလေးဆန်နေလို့ အဆင်မပြေပါဘူး။ ဒါ့ကြောင့် ကိုယ့်လုပ်ငန်း logo ကို ကိုယ့် Customer တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဆွဲဖို့လိုပါတယ်။
3⃣ ပြိုင်ဘက် ကုမ္ပဏီရဲ့ Logo ကို အတုခိုးခြင်း
Logo ဆွဲတဲ့အခါ ကိုယ့်ရဲ့ ပြိုင်ဘက်ကုမ္ပဏီကို အတုခိုးတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ အချိုရည်ချင်းတူပေမယ့် Coca-Cola က အနီရောင်သုံးပြီး Pepsi Logo ကတော့အပြာရောင်ကို သုံးထားတာကို တွေ့ရမှာပါ။ Product ချင်း တူပေမယ့် အဓိပ္ပါယ်ဖော်ဆောင်ပုံချင်း ကွဲလွဲဖို့ လိုအပ်ပါတယ်။ လုံးဝမတူအောင် ဂရုစိုက်ပါ။
4⃣ Color နဲ့ Font တွေရဲ့ သဘောတရားကို မတွေးတောခြင်း
Color တွေနဲ့ Font ရွေးချယ်တဲ့အခါ ဂရုစိုက်ဖို့လိုပါတယ်။ Logo မှာ Font တွေကို နှစ်မျိုး သုံးမျိုး ရောသုံးတာကလဲ အမြင်ရှုပ်စေပါတယ်။ Color တွေ အစုံသုံးမယ်ဆိုရင် မှတ်မိဖို့ ခက်ခဲစေပြီး Print ထုတ်တဲ့အခါမျိုးမှာလဲ ခက်ခဲစေတယ်။
5⃣ အစုံသုပ် logo
Logo ကလုပ်ငန်းကို ကိုယ်စားပြုတာမှန်ပေမယ့် အစုံသုပ်လို လုပ်သမျှအကုန်လိုက်ထည့်နေလို့ မဖြစ်ပါဘူး။ မှတ်မိဖို့ ခက်ခဲစေတဲ့အပြင် ရုပ်ဆိုးအကျဉ်းတန်စေလို့ လုပ်ငန်း image ကို ထိခိုက်စေပါတယ်။ ဒီလိုအချိန်မျိုးမှာ ရိုးရှင်းတဲ့ logo တစ်ခုကိုသာ သုံးလိုက်ဖို့ အကြံပေးလိုပါတယ် ဒါပေမယ့် ဘာမှန်းမသိလောက်အောင် ရိုးရှင်းတဲ့ Logo မျိုးတော့ မသုံးမိဖို့လိုပါတယ်။
6⃣ Logo Generator များကို အသုံးပြုခြင်း
အထူးသတိထားရမယ့် အချက်ကတော့ Online ကနေ Free ရတဲ့ Logo Generator တွေ အသုံးပြုတာဖြစ်ပါတယ်။ Free ဆိုတာမျိုးက လူတိုင်းယူသုံးလို့ရတော့ ကိုယ့်စိတ်ကြိုက် ဒီဇိုင်းကို ဖန်တီးပြီးကာမှ သူများ Logo တွေနဲ့ ၁၀၀% မဟုတ်တောင် ၅၀% အထက်လောက် သွားတူနေတဲ့ logo တွေ ခဏခဏတွေ့နေရပါတယ်။ ဒီလိုမျိုးသာဆိုရင် လူကြီးမင်းရဲ့လုပ်ငန်းကို ဘယ်သူက ယုံကြည်နိုင်ပါတော့မလဲ?
#Myanmar_Web_Designer