iPhone ဝယ်မည်ဆိုပါက စစ်ဆေးနည်းများ
Iphone ဝယ်မည်ဆိုပါကသိထားသင့်သောအရာ
1 - iPh တွင် Original ပါသော Clock App လေးကိုကြည့်ပါ စက္ကန့်တံလေးသွားနေရပါမည်(သံပါတ်နာရီများကဲ့သို့)။(Clone တချို့တွင် စက္ကန့်တံလေးသွားနေသော်လည်း သံပါတ်နာရီများကဲ့သို့ ဆက်တိုက်မဟုတ်ပဲ ဓာတ်ခဲနာရီကဲ့သို့ တစ်စက္ကန့်ချင်း ရပ်လိုက်သွားလိုက်သွားပါသည်)။
2 - မိမိဝယ်ယူမည့် iPh ထဲသို့ SIM card ထည့်ပြီး
" *#5005*7672# " ကိုဖုန်းခေါ်လိုက်ပါ Message Center No ပေါ်ရပါမည်။(Clone များမှာမပေါ်ပါ)
3 - *** iCloud (Find My iPhone) on ထားခြင်း ရှိမရှိစစ်ဆေးပါ *** iCloud ရှိမရှိစစ်ဆေးရန်အတွက်မိမိဝယ်ယူမည့် iPhone မှ imei နံပါတ်လိုအပ်ပါတယ် imei နံပါတ်ကို Dialer မှာ *#06# ကိုနှိပ်ပြီးကြည့်ပါ (သို့) Setting > General > About > imei ကိုကြည့်ပါ (imei နံပါတ် 15လုံးရှိပါသည်) ရရှိလာတဲ့ imei နံပါတ် 15လုံးကို ဒီလင့်လေးမှာ ရိုက်ထည့်ပါ > https://www.icloud.com/activationlock/
4 - မိမိဝယ်ယူမယ့် iPh ဟာ Official Unlocked (Sim Unlocked) (or) Sim Lockedလားသိဖို့လိုအပ်ပါတယ်
မိမိဝယ်ယူမယ့် iPh က Sim locked ဟုတ်မဟုတ်" imei နဲ့ " ဒီလင့်လေးကစစ်နိုင်ပါတယ် > http://imeidata.net/iphone/unlock-check
***Official Unlocked ဆိုရင်တော့ မည်သည့်နိုင်ငံက Simcard မဆိုအသုံးပြုနိုင်ပါတယ်
***Sim locked ဆိုရင်တော့ အဲ့ဒီ iPh ဝယ်ယူခဲ့တဲ့ နိုင်ငံက Simcard ဖြင့်သာအသုံးပြုနိုင်မှာပါ (Sim Locked ဖုန်းအလုံးတိုင်းမဟုတ်ပဲ တစ်ချို့Sim Lockedဖုန်းများကိုလည်း Gevey Sim လေးကြားခံထည့်ပြီးအခြားနိုင်ငံမှSimcard များအသုံးပြုနိုင်အောင်ပြုလုပ်နိုင်ပါတယ် (သို့) Online မှ Carrier ကိုလျော်ကြေးငွေပေးသွင်းပြီး Official Unlocked ဖြစ်သွားအောင်ပြုလုပ်နိုင်ပါတယ်)
1•App Store ကို ဝင်လိုက်၊ google account တောင်းနေရင် Clone ပါ၊
2•Music ကို ဝင်လိုက်၊ Sportify ဝင်ခိုင်းရင် Clone ပါ။
3•Home Button ကို ၂ ချက်ဆက်နှိပ်လိုက်၊ Multitasking လုပ်မရရင် Clone ပဲ။
4•Clock ကိုကြည့်လိုက်၊ နာရီလက်တံက Swipe မဟုတ်ရင် Clone ပဲ။
5• Home Page ကို ဖွင့်ပြီး Home Button လေးကို တို့ကြည့်လိုက်၊ Application Icons တွေ Screen ရဲ့ တဝက်လောက်ထိ အပေါ်တက်-အောက်ဆင်း မလုပ်ဘူးဆိုရင် အဲ့ဒါ Clone ပဲ။App Store ကိုဝင်ဖို့ google account တောင်းနေတာ တစ်ခုနဲ့တင် Clone ဟုတ်မဟုတ် ခွဲခြားဖို့ 100% လုံလောက်နေပါပြီ။
မြင်မိတာလေးပါ။
Crd....