Computer Software ဆိုတာဘာလဲ ?

ကွန်ပျူတာ Software ဆိုတာကတော့ ကွန်ပျူတာတစ်လုံးမှာ ပါဝင်တဲ့ Program များကို ဆိုလိုတာ ဖြစ်ပါတယ်။

        ကွန်ပျူတာ Program များဟာ ညွှန်ကြားချက် မြောက်များစွာ ထည့်သွင်းထားပြီး အသုံးပြုသူ လိုအပ်ချက်အရ Instruction များကို ပြန်လည်ထုတ်လုပ်ပေးပါတယ်။

ကွန်ပျူတာ ဆော့ဖ်ဝဲများကို လေ့လာရာမှာ အဓိက အပိုင်းနှစ်ပိုင်း ခွဲခြားပြီး လေ့လာနိုင်ပါတယ်။ အဲဒါတွေကတော့ System Software နှင့် Application Software ဆိုပြီး နှစ်မျိုးရှိပါတယ်။

        System Software ဆိုတာကတော့ ကွန်ပျူတာစနစ်တစ်ခုအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဖြစ်ပါတယ်။ သူ့ရဲ့တာဝန်ကတော့ ယနေ့ ကျွန်တော်တို့အသုံးပြုနေတဲ့ Windows OS ကြီးကို အဆင်ပြေပြေ အသုံးပြုနိုင်အောင် ဆောင်ရွက်ထားသော Program ဖြစ်ပါတယ်။ System Software ပေါင်းများစွာ ရှိပါတယ်။

        ဥပမာ Microsoft Windows OS , Mac , Linux , Unix , စတာတွေ ဖြစ်ပါတယ်။ System Software တွေကို များသောအားဖြင့် ကွန်ပျူတာထုတ်လုပ်သော ကုမ္ပဏီများမှ ထုတ်လုပ်လေ့ ရှိကြပါတယ်။System Software များအား ဘာသာစကားမျိုးစုံ အသုံးပြုနိုင်အောင် ထည့်သွင်းထားကြပြီး အသုံးပြုသူတစ်ယောက်မှ သူနှစ်သက်ရာ ဘာသာစကားတစ်မျိုးမျိုးကို ရွေးချယ်အသုံးပြုနိုင်အောင် လည်းစီမံ ဆောင်ရွက်ပေးထားပါတယ်။

System Software များရဲ့ အဓိကတာဝန်ကတော့ Hardware များနှင့် အသုံးပြုသူအကြား ချိတ်ဆက်ပေးရန်သာ ဖြစ်ပါတယ်။

        ဥပမာအားဖြင့် System Software များရဲ့ လုပ်ဆောင်ချက်များဟာ Operating System , Compliers , Interpreter , Assembler တို့ ဖြစ်ကြပါတယ်။

        System Software များရဲ့ လုပ်ဆောင်ချက်များတော့

1. Close to System

2. Fast in speed

3. Difficult to design

4. Difficult to understand

5. Less interactive

6. Smaller in size

7. Difficult to manipulate

8. Generally written in low level language တို့ ဖြစ်ကြပါတယ်။

        ဒုတိယပိုင်းဖြစ်တဲ့ Application Software များကို ဆက်လက်လေ့လာကြည့်ပါမယ်။ Application Software ဆိုတာကတော့ လက်ရှိကျွန်တော်တို့အသုံးပြုလျှက်ရှိသော Microsoft Word , Excel , Pagemaker , Photoshop စတာတွေ ဖြစ်ပါတယ်။ ဒီApplication Software တွေဟာ Particular Environment လို့ခေါ်တဲ့ တစ်ဦးတစ်ယောက် ၊ အသုံးပြုနိုင်ရန်သာ စီမံဆောင်ရွက်ထားတာ ဖြစ်ပါတယ်။

        ဥပမာအားဖြင့် စာစီစာရိုက်အသုံးပြုသူဟာ Word , Pagemaker စတဲ့ဆောဖ့်ဝဲများကို အသုံးပြုပြီး ဒီဇိုင်းသမားများကတော့ Photoshop , Illustrator စတဲ့ ဆောဖ့်ဝဲများကို အသုံးပြုပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အခြေခံအသုံးပြုမှုကတော့ System OS လို့ခေါ်တဲ့ Windows Operating System ပေါ်မှာ အခြေခံထားပါတယ်။

Ref:http://it4mf.com/blog/ကွန်ပျူတာ-software-ဆိုတာ

Reactions