Computer Programming ကို Free သင်ကြားပေးတဲ့ အကောင်းဆုံး Site 12 ခု


👉Professional developer တစ်ယောက်ဖြစ်လာဖို့ Computer Science တက္ကသိုလ်တွေ၊ ဈေးကြီးတဲ့ အပြင်သင်တန်းတွေ တက်နေဖို့ မလိုပါဘူး။ ကိုယ့်မှာ အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး အခြေခံကောင်းတယ်။ Computer ကို User Level Friendly ဖြစ်တယ်ဆိုရင်ကိုပဲ  နောက်ထပ်  ငွေကြေးအများကြီး သင်တန်းတွေ၊ ကျောင်းတွေမှာ ရင်းနှီးမြှုပ်နှံနေစရာ မလိုတော့ဘဲနဲ့ Professional Developer တစ်ယောက်ဖြစ်လာဖို့ Free အခွင့်အလမ်းတွေ Online ပေါ်မှာ ရှိနေပါပြီ။ ကိုယ်နှစ်သက်တဲ့ ဘယ် Programming Language ကိုမဆို ကျွမ်းကျင်တတ်မြောက်အောင် သင်ယူနိုင်မယ့်၊ Online ပေါ်က အကောင်းဆုံး သင်ကြားရေး Website 12 ခုအကြောင်း ဒီတစ်ခေါက် သူငယ်ချင်းတို့ကို နည်းနည်း မျှဝေချင်ပါတယ်။

👍သိကြတဲ့ အတိုင်း Programmer လို့ပဲဆိုဆို၊ Coder လို့ပဲပြောပြော၊ Developer လို့ပဲ နာမည်တပ်တပ် Code ရေးတဲ့ သူတွေအတွက်တော့ အခုခေတ်က  ရွှေခေတ်တစ်ခေတ်လို့ ပြောရမှာပါ။ တစ်ခြားအလုပ်အကိုင်တွေ ရှားပါးချင်ရှား ပါးနေပါလိမ့်မယ်။

✌️✌️Programmer/Coder/Developer တွေ အတွက်တော့ အမြဲတမ်း အလုပ်အကိုင်အခွင့်အလမ်းတွေက အလျှံအပယ်ပါပဲ။ ပြောရရင် Supply ထက် Demand အမြဲပိုများနေတဲ့ Job Industry တွေထဲမှာ Computer Programming နဲ့ ဆိုင်တဲ့ အလုပ်တွေက ထိပ်ဆုံးကပါနေပါတယ်။ လုပ်ငန်းခွင်တိုင်းက လုပ်ငန်း process တွေကို Digitalized အသွင်ကူးပြောင်းဖို့ ကြိုးစားနေကြတာမို့ Skill ကြမ်းတဲ့ Developer တွေ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးတော့ လိုအပ်လာပါတယ်။

✌️ဒါပေမယ့်  ကျောင်းတွေ၊ သင်တန်းတွေရဲ့  မွေးထုတ်ေ ပးနိုင်တဲ့ ကျွမ်းကျင် Developer တွေအရေအတွက်တွေက ဈေးကွက်မှာ အပူတပြင်းလိုအပ်နေတဲ့ အရေအတွက်ကို ပြည့်မှီအောင် မဖြည့်ဆည်းနိုင်သေးပါဘူး။ ဒါကြောင့် လုပ်ငန်းရှင်တွေဘက်ကလည်း လစာတွေ၊ ခံစားခွင့်တွေကို မက်မောစရာကောင်းလောက်အောင်ပေးပြီး လိုအပ်တဲ့ ကျွမ်းကျ င်ဝန်ထမ်းတွေရအောင် ဖြည့်ဆည်းနေကြရပါတယ်။ ဒီအနေအထားဟာ တကယ့်ကို ကြီးမားတဲ့ အခွင့်အလမ်းကြီးပါပဲ။ Programming Language တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ဖြစ်သွားပြီ ဆိုတာနဲ့ ကိုယ့်အတွက် အကောင်းဆုံး အလုပ်အကိုင်အခွင့်အလမ်းတွေက တံခါးဖွင့်ပြီး စောင့်ကြိုနေကြတယ် ဆိုတာကို မြင်ရမှာ ဖြစ်ပါတယ်။

Programming  ကို အကောင်းဆုံးလေ့လာသင်ယူနိုင်မယ့် free site တွေကတော့…

1. W3Schools
Web Developer တွေအတွက် အဖိုးတန် free resource ကြီးတစ်ခုဖြစ်ပါတယ်။ Web development နဲ့ ပတ်သက်တဲ့ Tutorials တွေ၊ References တွေ W3Schools မှာ တစ်ပုံတစ်ပင်ကြီးရှိပါတယ်။ HTML, CSS, JavaScript, PHP, SQL, Python, W3.CSS, Bootstrap စတဲ့ language တော်တော်များများနဲ့ ပတ်သက်တဲ့ tutorials တွေကို W3Schools မှာ basic level ကနေ professional level အထိ တစ်ဝကြီး free လေ့လာနိုင်ပါတယ်။

2. Codecademy
Coding ကို free လေ့လာလို့ရတဲ့ Site တွေထဲက ပေါ်ပြူလာအဖြစ်ဆုံး site တစ်ခုပါပဲ။ ဒီ platform ကနေသင်ယူပြီးတော့ Coding ကို တတ်မြောက်သွားတဲ့ လူပေါင်း 24သန်းကျော် ရှိနေပါပြီ။ Codecademy မှာ programming အခြေခံ နဲ့ တစ်ခြားအဆင့်မြင့် Languages တွေအထိ သင်ကြားပေးနေတာဖြစ်ပါတယ်။ နာရီပေါင်း သန်း 300 ကျော်စာလောက်ရှိတဲ့ Free Courses တွေကလေ့လာသူတွေကို Beginner Level ကနေ အလုပ်ခွင်ဝင်နိုင်တဲ့ Working Programmer Level အထိ ခေါ်ဆောင်သွားဖို့ အဆင်သင့်ပါပဲ။ Codecademy မှာ သင်ယူလေ့လာနိုင်တဲ့ programming language တချို့ကတော့ HTML, JavaScript, CSS, JQuery, PHP, Python နဲ့ Ruby တို့ဖြစ်ပါတယ်။ Codecademy မှာ coding နဲ့မဆိုင်တဲ့ တစ်ခြား Course အမျိုးအစားတွေလည်း အများကြီးရှိပါသေးတးယ်။

3. BitDegree
BitDegree မှာလည်း programming ကစလို့ game development ပိုင်းအထိ Free Course တွေ တစ်ပုံတစ်ပင်ရှိပါတယ်။ ကိုယ်သင်ယူ ချင်တဲ့ language  ကိုရွေးပြီး ချက်ချင်းသင်ယူရုံပါပဲ။ BitDegree မှာသင်ကြားပေးတဲ့ programming language တွေကတော့ အမျိုးအစား အစုံအလင်ရှိပါတယ်။ ဒါပေမယ့် ပေါ်ပြူလာအဖြစ်ဆုံး language တွေကတော့ HTML, CSS, PHP, Javascript, SQL နဲ့ JQuery တို့ဖြစ်ပါတယ်။

4. Free Code Camp
Web နဲ့ပတ်သက်ပြီးတော့ Front End Develper ပဲဖြစ်ဖြစ် , Back End Developer ပဲဖြစ်ဖြစ်  ဖြစ်ချင်တဲ့သူတွေအတွက် ရွေး ချယ်စရာတစ်ခုပါ။ သင်ယူနိုင်တဲ့ language တွေကတော့ HTML5, CSS3, Javascript, Node.js, React.js, D3.js, Database, Git နဲ့ Github တို့ဖြစ်ပါတယ်။ ဒီ Course တွေအကုန်လုံးက လေ့လာသူတွေကို zero အဆင့်ကနေ hero အဆင့်ထိ နားလည်ကျွမ်းကျ င် လာအောင် သင်ကြားပေးမယ့် 100 % free course တွေဖြစ်ပါတယ်။

5. Coursera
Standford University နဲ့ Venture Capitalists တွေရဲ့ ကျောထောက်နောက်ခံနဲ့ ထူထောင်ထားတဲ့ Coursera ကလည်း Free Course တွေအများကြီးရှိတဲ့ နောက်ထပ် platform တစ်ခုပါပဲ။ နာမည်ကြီး University တွေက professor တွေသင်ကြာပို့ချပေးထားတဲ့ coding အခြေခံ courses တွေ၊ tutorial ရာပေါင်းများစွာ စီစဉ်ပေးထားတာတွေ့ရမှာ ဖြစ်ပါတယ်။ Coursera ရဲ့ course တွေကို ဒီလို ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တွေရဲ့ အကောင်းဆုံး ဆရာတွေနဲ့ပူးပေါင်းပြီး ဖန်တီးထားတာဖြစ်တဲ့အပြင် ဒါတွေအကုန်လုံးက ပိုက်ဆံတပြားမှ မပေးရတဲ့ Free Course စစ်စစ်တွေဖြစ်ပါတယ်။ အဲ…ဒါပေမယ့် သင်ယူလေ့လာသူတွေအနေနဲ့ သူတို့သင်ယူပြီးမြောက်ထားတဲ့ Coursera ရဲ့ free course တွေအတွက် Certificate ရယူချင်တယ်ဆိုရင်တော့ ပိုက်ဆံနည်းနည်းပေးရပါတယ်။ Coursera မှာသင်ယူလေ့လာနိုင်တဲ့ programming language တချို့ ကတော့ Python, Java, HTML and CSS, IoT Programming, C နဲ့ Introduction to Programming တို့ဖြစ်ကြပါတယ်။

6. Upskill
Upskill ကတော့ Beginner Level ကနေ Advanced Level Developer ဖြစ်တဲ့အထိ Skill ရောက်အောင်သွေးပေးမယ့် Online Free Boot Camp Site တစ်ခုဖြစ်ပါတယ်။ Upskill ရဲ့ အဓိကဦးတည်ချက်က Web Development ပိုင်းကို သင်ကြားပေးဖို့ပါ။ အတွေ့အကြုံ အခံရှိမထားသူတွေအတွက် အစပြုဖို့ကောင်းတဲ့ နေရာကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ Upskill မှာ coding နဲ့ပတ်သက်လို့ wordpress plugin development, wordpress best practices, javascript, HTML5 & CSS3, PHP, MySql, Node.js နဲ့ Ruby on Rails တို့ကို လေ့လာသင်ယူနိုင်မှာပါ။ သင်ရိုးပုံစံကတော့ 100 % project အခြေခံတဲ့ ပုံစံမျိုးနဲ့ သင်ကြားပေးသွားတာ ဖြစ်ပြီးတော့ သင်ယူသူတွေအနေနဲ့လည်း အပြင်က လက်တွေ့ portfolio တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ  တည်ဆောက်နေရသလိုမျိုးနဲ့ တစ်ဆင့်ပြီးတစ်ဆင့်တိုးတက် သင်ယူသွားရမှာဖြစ်ပါတယ်။

7. Udemy
Udemy ကလည်း free courses တွေအများကြီးရှိတဲ့ education portal တစ်ခုပါပဲ။ Programming တို့၊ Data Science တို့၊ ပြီးတော့ တစ်ခြား engineering ပိုင်း၊ technology ပိုင်းဆိုင်ရာတွေကို အဓိကထားပြီး သင်ကြားပေးတဲ့ site တစ်ခုဖြစ်ပါတယ်။ Development ပိုင်းနဲ့ ပတ်သက်ပြီး သင်ယူနိုင်မယ့် course တွေလည်း တော်တော်များပါတယ်။ ဥပမာ။ ။ Web development, Game development, Mobile application development, eCommerce Site Creation ။ ဒါတွေအပြင် programming language  ပေါင်းတော်တော် များများကို ရွေး ချယ်သင်ယူနိုင်မှာ ဖြစ်ပါတယ်။

8. Edx
နောက်တစ်ခုကတော့ Edx ပါ။ သူက opensource learning platform ဖြစ်ပါတယ်။ အခပေး Course  တွေအပြင် Free Courses တွေ လည်း လုံလုံလောက်လောက် ရှိပါတယ်။ လောလောဆယ် edx မှာ လေ့လာသင်ယူနေကြတဲ့ student network က  5 သန်းနဲ့ အထက်ရှိနေပြီး သင်ယူလေ့လာနိုင်တဲ့ category တွေလည်း အတော်စုံလင်ပါတယ်။ Programming နဲ့ပတ်သက်လို့ သင်ယူနိုင်တဲ့ ဘာသာရပ်တွေကို ဥပမာပြရရင် HTML & CSS, Java, jQuery, C++, Python, SQL နဲ့ Mobile app development တို့ရှိပါတယ်။

9. Khan Academy
Coding နဲ့ပတ်သက်ပြီး အခြေခံကျတဲ့ knowledge နဲ့ skill တွေတော်တော်များများ လေ့လာသင်ယူနိုင်တဲ့ Online Learning Platform ကြီးပါပဲ။ Computer Programming နဲ့ဆိုင်တဲ့ အခြေခံ Course တွေ၊ Tutorial တွေကနေ ဟိုး အဆင့်မြင့် Application ပိုင်းနဲ့ဆိုင်တဲ့ course တွေ၊ tutorial တွေအထိ အများအပြားရှိပါတယ်။ ဒီသင်ခန်းစာတွေအားလုံးကို Expert တွေပဲ သင်ပေးနေတာ ဖြစ်ပါတယ်။ Khan Academy မှာ သင်ယူနိုင်မယ့် programming နဲ့ဆိုင်တဲ့ course တွေကတော့ HTML & CSS, Javascript, Databases တို့ဖြစ်ပါတယ်။

10. Dash General Assembly
Dash ကတော့ Web development အခြေခံပိုင်းတွေကို သင်ကြားပေးမယ့် free online course ပါပဲ။ HTML5, CSS3 နဲ့ Javascript တွေကို သင်ယူရမှာ ဖြစ်ပြီးတော့ လှပဆန်းသစ်တဲ့ ခေတ်ပေါ် Website တွေဖြစ်လာအောင် language တွေ တစ်ခုနဲ့တစ်ခု ဘယ်လိုပူးတွဲအလုပ်လုပ်ကြ သလဲ ဆိုတာတွေကိုပါ သင်ယူနိုင်မှာဖြစ်ပါတယ်။ သင်ယူသူတွေအနေနဲ့ Website တစ်ခုကို project အသေးလေးတွေခွဲပြီးတော့ တစ်ဆင့်ချင်း တည်ဆောက်သွား ရမှာ ဖြစ်ပါတယ်။ Dash နဲ့ သင်ယူသူတွေအနေနဲ့ Web development ပိုင်းကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ခြုံငုံလေ့လာမိမှာ ဖြစ်ပါတယ်။ Development ပိုင်း အတွေ့အကြုံ အခံရှိမထားသူတွေအတွက်လည်း အစပြုသင်ယူဖို့ကောင်းတဲ့ နေရာကောင်းတစ်ခု ဖြစ်ပါတယ်။

11. GITHUB
တစ်ကမ္ဘာလုံးက Developer တွေရဲ့ Online ပေါ်က စုံဆုံရာနေရာလေးပါ။ ဒီမှာ Develper တွေအချင်းချင်း တစ်ဦးအခက်အခဲ တစ်ဦး အပြန်အလှန် ကူညီဝိုင်းဝန်းဆွေးနွေးကြ၊ အဖြေကူရှာပေးကြ၊ အတွေ့အကြုံတွေ အပြန်အလှန် ဖလှယ်ကြ၊ ပြဿ      နာတွေ အတူတူ ဖြေရှင်းကြပါတယ်။ Programming Language ပေါင်း 80 ကျော်နဲ့ ပတ်သက်တဲ့ Free Books ပေါင်း 500 ကျော်ကို GitHub မှာတွေ့ရမှာပါ။

12. HTML5 Rocks
ဒီ site က Google ရဲ့ project တွေထဲက တစ်ခုပါပဲ။ ဒီ Site မှာ tutorials တွေ၊ resources တွေ ပြီးတော့ HTML5 ရဲ့နောက်ဆုံး update နဲ့ဆိုင်တာတွေအားလုံးရှိပါတယ်။ Open source site ဖြစ်ပါတယ်။ Intro Course တွေ တော်တော်များများထက် ပိုပြီးအဆင့်မြင့်ပါတယ်။😇😇

#Shwetech #E_learning
#Website #Programming


Reactions