USB Drive ပိတ်နည်း / ပြန်ဖွင့်နည်း

USB Drive ပိတ်နည်း / ပြန်ဖွင့်နည်း
=====================

မိမိကွန်ပျူတာမှာ သူများ USB flash drive တွေကို အသုံးပြုလို့မရအောင် ပိတ်ထားနည်း ဖြစ်ပါတယ်..

USB drive တွေလို့ ပြောပေမယ့်။ Printer တို့ Scanner တို့ မပါပါဘူး။ USB Flash Drive စတာတွေကိုပဲ ပိတ်ထားလို့ ရတဲ့နည်းပါ။

အရင်ဆုံး Windows Key + R ကို နှိပ်ပြီး Run ဘောက်ကိုခေါ်လိုက်ပါ Run ဘောက်ထဲမှာ regedit ရေးထည့်ပြီး Enter Key or Ok ကို နှိပ်ပေးလိုက်ပါ ၊ Registry Editor ဘောက်ပွင့်လာရင် အောက်မှာ ရေးထားတဲ့ စာကြောင်းတွေ အတိုင်း အဆင့်ဆင့်ဝင်ပေးပြီး လုပ်ပေးလိုက်ပါ ။

HKEY_LOCAL_MACHINE /SYSTEM /CurrentControlSet /Services /UsbStor
ကို ရွေးပေးလိုက်ပါ။ ညာဘက်မှာ ပြထားတဲ့ start ကို Double click လုပ်ပြီး ဖွင့်လိုက်ပါ။
Value Data dialog box ပေါ်လာ ပါလိမ့်မယ်။ Value တန်ဖိုးက default ဆိုရင် (3) ပါ။ USB drive တွေကို ပိတ်ထားချင်တယ် ဆိုရင်တော့ (4) လို့ပြောင်း ပေးလိုက်ပါ။ ဒီအထိ လုပ်ပြီးရင် USB Flash Drive တွေကို ကွန်ပျူတာမှာ အသုံးပြုခွင့် ပိတ်လိုက်ပါပြီသုံးလို့ မရတော့ပါဘူး။

ပြန်ဖွင့်ပေးချင်တယ်ဆိုရင် အပေါ်ပိတ်တဲ့ နည်းအတိုင်း အဆင့်ဆင့်သွားပြီး သူ့ရဲ့ default အတိုင်း Value ကို ( 3 ) ထားပေးလိုက်ပါ ဒါဆို Ok ပါပြီ။


Credit. Linn Linn
Reactions