ကမ္ဘာကြီးပေါ်မှာ အကြောင်းအရာပေါင်းများစွာက နေ့စဉ် အချိန်နဲ့အမ ျှ ဖြစ်ပျက်ပြောင်းလဲနေပါတယ်။ မသိမသာကျော်လွှားသွားခံရတဲ့ အဖြစ်အပျက်တွေနဲ့ လူတိုင်းအာရုံစူးစိုက်ပြီး စိတ်ဝင်စားခံနေရတဲ့အဖြစ်တွေ ရှိပါတယ်။ အဲဒါတွေက ဘာကြောင့်ကွာခြားသွားတယ်လို့သင်ထင်ပါသလဲ? Story Telling ပုံပြင်တစ်ပုဒ်ရဲ့ တင်ဆက်ပုံ အစ အလယ် အဆုံး စိတ်ဝင်စားအောင်လုပ်ဆောင်နိုင်မှု၊ အရုပ် အသံ လိုက်ဖက်ညီစွာဆွဲဆောင်မှုရှိမှု စတဲ့အကြောင်းအရာများစွာက သူတို့ကို ကွာခြားသွားစေတာပါ .. သင့်ရဲ့ အကြောင်းအရာတွေကို လူတိုင်းစိတ်ဝင်တစား ဂရုစိုက်စေချင်ရင် အဓိကကတော့ သင်ဟာပုံပြောကောင်းဖို့လိုအပ်ပါတယ်။
(2) Mix of Art & Technology
လူတစ်ဦးချင်းစီမှာ ကိန်းအောင်းနေတဲ့ အနုပညာအရည်အသွေးတွေရှိပါတယ်။ Video Editing နည်းပညာတွေဖြစ်တဲ့ Software တွေရဲ့ အသုံးပြုပုံနည်းစနစ်တွေကို ကျွမ်းကျင်စွာတတ်မြောက်ထားရမှာဖြစ်ပြီး မိမိ ရဲ့အနုပညာနဲ့နည်းပညာကိုအချိုးညီစွာပေါင်းစပ်တတ် ဖို့လိုအပ်ပါတယ်။ အဲဒါမှ သင်ဟာအရုပ်တွေ အသံတွေ ကို Software ထဲထည့်ပြီး လိုသလို
ပုံပြင်တစ်ပုဒ်ဖန်တီးနိုင်သူဖြစ်လာမှာပါ။ အရေးပါသော Color Correction,
Sound FX တွေကို ကောင်းမွန်စွာပြုပြင်ပြောင်းလဲနိုင်ပြီဆိုရင် တော့ သင်ဟာ
Video Editor ကောင်းတစ်ယောက်ဖြစ်ဖို့နီးစပ်နေပါပြီ။
(3) Camera Concept
Basic Camera Concept ကင်မရာသဘောတရား အယူအဆတွေ ဟာ သင်နဲ့မဆိုင်ဘူးလို့မထင်လိုက်ပါနဲ့။ အရုပ်တွေ ဟာ Video Editor တွေရဲ့ အသက်ဖြစ်လို့ သင်ဟာ ဒီအရုပ်တွေကို ဘာကြောင့် ဘာ့အတွက် ရိုက်ယူထားတယ်ဆိုတာသိရပါမယ်။ ကင်မရာရဲ့ လှုပ်ရှားမှုတွေဟာ ဘယ်အကြောင်းအရာကိုဦးတည်နေပြီး ဘယ်ဟာကို အသုံးပြုသင့်တယ်၊ ဘယ်ဟာကိုအသုံးမပြုသင့်ဘူးဆိုတာသိထားသင့်ပါတယ။် တစ်ခါတစ်ရံ ကင်မရာမန်းနဲ့Video Editor ဟာ ညှိနှိုင်းဆောင်ရွက်ရတာမျိုးရှိပါတယ။် ထိုအခါမျိုးတွေမှာ Video Editior ဟာ ကင်မရာသဘောတရားတွေကို သိထားမှသာ အကောင်းဆုံးကို ပြုလုပ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
(4) Format & Quality
သင်ဟာဒီအလုပ်ကို လုပ်တော့မယ်ဆိုပါတော။့ သင်ဘာဖြစ်ချင်လဲဆိုတဲ့အကြောင်းအရာကိုရောက်သွားပါပြီ သင်က ဘယ်သူတွေကို ဘယ်မှာ သင့်ရဲ့ပုံပြင်ကိုချပြမှာလဲ၊ အဲ့ဒါတွေအတွက် အရုပ်ရဲ့ Format တွေ Quality တွေကို အသေးစိတ်ရှင်းပြမှာဖြစ်ပါတယ်။ HD ဆိုတာဘာလဲ၊ 4K ဆိုတာဘာလဲ၊ ခုကော သင့်အရုပ်ကို ဘာ Quality ဘာ Format နဲ့ ချပြချင်တာလ၊ဲ ဘယ်လောက်ကောင်းတဲ့ Quality တွေအထိပြချင်တာလဲဆိုတာသိဖို့လိုပါတယ်။ ကဲဒါတွေသိပြီဆိုရင်တော့ သင်ဟာ Video Editor ကောင်းတစ်ယောက်ဖြစ်ဖို့ အတော်ကိုနီးစပ်နေပါပြီ။
(5) Creative Thinking
Editing နည်းပညာတေ၊ွ Camera Concept တေ၊ွ Format and Qualityတွေ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ပြီဆိုရင် သင့်ရဲ့ တီထွင်ဖန်တီးနိုင်တဲ့ အနုပညာစွမ်းရည်တွေ အဲဒါတွေကို ပိုမိုတိုးတက်အောင် စွမ်းဆောင်နိုင်ဖို့လိုအပ်ပါသေးတယ်။ Video၊ TV program ၊ Documentary ၊ Music Video (MTV) ၊ Live Event ၊ TVC ၊ Promo ၊အစရှိတဲ့အမျိုးအစားပေါင်းများစွာကို ခွဲခြားသိမြင်နိုင်ဖို့လိုအပ်ပါတယ်။
#SourceMyanmarCreativeArtMediaSolution